Wednesday, January 16, 2013

လူ့ခန္ဓာကိုယ်ပေါ်က သန်း ဂဏန်း


Crab Louse လို့ခေါ်တဲ့ သန်းဂဏန်းက သန်းတစ်မျိုးပါပဲ။ အများအားဖြင့် ဆံပင်မှာ အနေများ၊ အပေါက်များပါတယ်။ အရွယ်အစားက ၁.၃ ကနေ ၂ မီလီမီတာဆိုတော့ တကယ့် သေးသေးလေးမှ သေးသေးလေးပါပဲ။
သို့ပေမယ့် မှန်ဘီလူးနဲ့ သေချာ ချိန်ကြည့်တော့ တော်တော်လေး ကြောက် စရာကောင်းတဲ့ ပုံစံကို ယခုလို ပိုင်ဆိုင်ထားပါတယ်။ ဆံပင်မှာ အနေများပေ မယ့် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ လည်းနေထိုင် တတ်ပါတယ်။ ဥပမာ - မျက်ခုံးမွေးတွေပေါ်မှာလည်း ရှိတတ်၊ နေထိုင် တတ်ပါတယ်။ အတွင်းခံထဲမှာလည်း နေထိုင်တတ်တဲ့ အင်းဆက်ဖြစ် တယ်လို့ ဆိုပါတယ်။
သူတို့ အသက်က ရက် ၃၀ ထက်မပိုပါဘူး။ သို့ပေမယ့် နေထိုင်တဲ့ တစ်လျှောက် ကတော့ လူကို တော်တော်လေး ဒုက္ခပေး ပါတယ်။ ခေါင်းကို လည်း ယားယံစေသလို၊ သူနေထိုင်တဲ့ နေရာတွေ မှန်သမျှမှာ ယားယံ ပါတယ်။ ဒါကြောင့် အနီရောင်အဖု၊ ဓာတ်မတည့်တဲ့ အဖုတွေလည်း ထစေပါ တယ်။ ကုပ်ပါများရင် အရည်ခွံလှံပြီး သွေးရည်ကြည်၊ သွေးရည်နီ ထွက်တဲ့ အထိတောင် ဒုက္ခပေးတတ်ပါတယ်။
ဒါကြောင့် ဆံပင်၊ချိုင်းတို့လို့ အမွေးအမျှပေါက်တဲ့နေရာနဲ့ အခြားသော ခန္ဓာ ကိုယ်အစိတ်ပိုင်းများကိုလည်း သန်ရှင်းအောင်ထားမှ Crab louse မှ မကပ်နိုင်မှာ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက သက်ရှိသတ္တဝါတော်တော်များများမှာ ဆွဲကပ်နေထိုင်လာတဲ့ အင်းဆက် တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။
Ref: wiki
yoyarlay

No comments:

Post a Comment