Monday, January 7, 2013

ဂျပန်တွင် တူနာငါးတစ်ကောင် ဒေါ်လာ ၁ ဒသမ ၇ သန်းဖြင့် လေလံဆွဲ


ဂျပန်နိုင်ငံတွင် ဘလူးဖင်တူနာ ငါးတစ်ကောင်၏ ဈေးနှုန်းသည် ယမန်နှစ်က ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် သုံးဆမြင့်ပြီး ဂျပန် ယန်းငွေ ၁၅၅ သန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ သန်း) ဖြစ်ခဲ့ကြောင်း ဇန်နဝါရီ ၅ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ တိုကျို တီဆူကီဂျီ ငါးဈေးတွင် ယခုနှစ်အတွက် ပထမဆုံးလေလံပွဲ၌ ရိုးရာအစဉ်အလာအတိုင်း ဈေးကြီးပေး၍ အပြိုင်ဆွဲကြသည်။ ယမန်နှစ်က စံချိန်တင် ဈေးနှုန်းဖြင့် လေလံအောင် ခဲ့သည့် ဆူရှီဆိုင်ပိုင်ရှင် ကီယိုရှီကီမူရာကပင် ယခုဈေးနှုန်းသည် အလွန်ကြီးမားလှသည်ဟု ပြောသည်။ အလွန်အကျွံ ဖမ်းဆီးသဖြင့် တူနာငါးများမှာ တစ်စတစ်စ လျော့ပါးလာနေပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက သတိပေးနေသည့် ကြားမှပင် ဤသို့ လေလံပွဲ ကျင်းပခြင်းဖြစ်သည်။ ယခုနှစ် စံချိန်တင် ဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့သော ငါးကို ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်ရေပြင်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အလေးချိန် ၂၂၂ ကီလိုဂရမ် (၄၈၉ ပေါင်) ရှိသည်။ ယမန်နှစ်က ယန်းငွေ ၅၆ သန်းဖြင့် ရောင်းချခဲ့ရသည့် ငါးထက် ၄၇ ကီလိုဂရမ် လျော့သည်။ ဈေးနှုန်းများသည် ငါး၏ အရည်အသွေး၊ ငါး၏ အရွယ်အစားနှင့် မသက်ဆိုင်ဘဲ လူထုကျော်ကြားမှုဖြင့် ပိုမို ဆက်စပ်မှုရှိသည်ဟု ဆိုသည်။ နေ့စဉ် ဒေါ်လာ သန်းနှင့်ချီ၍ ငါးအရောင်းအဝယ်ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများ၏ စိတ်ဝင် စားမှုခံရသော ယင်းငါးဈေးကို ဒေသစံတော်ချိန် နံနက် ၅ နာရီတွင် စတင်ဖွင့်သည်။
khitlunge

No comments:

Post a Comment