Wednesday, January 9, 2013
ရုရှားတွင် ၀ံပုလွေများ အန္တရာယ်ကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရ
ရုရှားနိုင်ငံ အရှေ့မြောက်ပိုင်း ဆာခါသမ္မတနိုင်ငံတွင် သမင်အုပ်များနောက်သို့ လိုက်ကြသော ဝံပုလွေများကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရကြောင်း ဘီဘီစီက တနင်္လာနေ့တွင် ဖော်ပြသည်။ မုဆိုးအဖွဲ့သည် ဇန်နဝါရီ ၁၅ ရက်မှစ၍ သုံးလကြာမျှ ဝံပုလွေများကို လိုက်လံ သုတ်သင်ကြမည်ဟု တာဝန်ရှိသူများက ပြောသည်။ အအောင်မြင်ဆုံး မုဆိုးများကို ဆုများချီးမြှင့်မည်ဖြစ်သည်။ တောင်တန်းများပေါ်၌ ယုန်များ လျော့နည်း လာသည့်အတွက် ဆာလောင်မွတ်သိပ်နေကြသော ဝံပုလွေများ တောပြောင်းလာကြခြင်း ဖြစ်ဖွယ်ရာရှိသည်ဟု ယုံကြည်ကြောင်း ကျွမ်းကျင်သူများကို ကိုးကား၍ ရုရှားမီဒီယာများက ဖော်ပြသည်။ ဝံပုလွေအုပ်များသည် ၄င်းတို့ သားကောင်လိုက်ရာ တောင်တန်းဒေသများ၊ တောအုပ်များမှ ဆာခါဒေသအလယ်ပိုင်း သမင်များ ကျက်စားရာဒေသသို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်။ ၄င်းသတ္တဝါတို့သည် လူတို့မွေးမြူထားသော တိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်မှု များပြားလာသော်လည်း လူတို့ကို တိုက်ခိုက်မှု မရှိသေးဟု သတင်းများက ဆိုသည်။ ယင်းဒေသအတွင်း ဝံပုလွေကောင်ရေ ၅ဝဝ ရှိသင့်သည်ဟု လက်ခံပြီး အကောင်အရေအတွက် နည်းပါးသွားစေရန် ရည်ရွယ်၍ ဝံပုလွေ အမဲလိုက် ရာသီကာလကို တစ်နှစ်ပတ်လုံးအဖြစ် တိုးချဲ့သတ်မှတ်သည်။ လက်ရှိခန့်မှန်းခြေ ကောင်ရေမှာ ၃၅ဝဝ ကျော်ဖြစ်သည်။ ဝံပုလွေများသည် လူတို့မွေးထားသော မြင်း ၃၁၄ ကောင်ကို သတ်ဖြတ်ခဲ့ပြီး မုဆိုးများသည်လည်း ယမန်နှစ်က ဝံပုလွေကောင်ရေ ၇၃ဝ ကို သုတ်သင်နိုင်ခဲ့သည်ဟု ဆာခါ အာဏာပိုင်များက ပြောသည်။
khitlunge

No comments:
Post a Comment