Thursday, January 17, 2013

ပါကစ္စတန်မှ ၆၅ နှစ်ကျော်သူများ အိန္ဒိယသို့ ဗီဇာဖြင့် သွားရောက်နိုင်


ပါကစ္စတန်နိုင်ငံမှ အသက်အရွယ် ကြီးရင့်သူများအတွက် အိန္ဒိယနိုင်ငံက နှစ်နိုင်ငံ သဘောတူညီချက်အရ ဆိုက်ရောက်ဗီဇာများ စတင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယ အရာရှိများက ဇန်နဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။ ပါကစ္စတန်နိုင်ငံမှ အသက် ၆၅ နှစ်ကျော် အမျိုးသား အမျိုးသမီးကြီးများအား ထိုသို့ဗီဇာများ ထုတ်ပေးခြင်းသည် ၂ဝဝ၈ ခုနှစ်က မွမ်ဘိုင်း အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားခဲ့ပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်စေသည့် ဆောင်ရွက်ချက် တစ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က ကတ်ရှ်မီးယားဒေသတွင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံ စစ်ဘက် ခေါင်းဆောင်များ တွေ့ဆုံမှု တစ်ရပ် ပြုလုပ်ပြီး နှစ်နိုင်ငံနယ်စပ်၌ တင်းမာမှု လျော့ကျရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ပါကစ္စတန်နိုင်ငံမှ အသက် ၆၅ နှစ်ကျော် အမျိုးသား အမျိုးသမီးကြီးများသည် လာဟိုးမြို့အနီး ဝါဂိတ်နယ်စပ်ဂိတ်မှ နေ၍ ဆိုက်ရောက်ဗီဇာဖြင့် နေ့စဉ် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအကြား အိန္ဒိယသို့ သွားလာနိုင်ကြမည်ဖြစ်သည်။
khitlunge

No comments:

Post a Comment