Friday, January 18, 2013

ကင်ညာနိုင်ငံတွင် ဗုံးပေါက်ကွဲ အကြမ်းဖက်သမားဟု ယူဆရသူ နှစ်ဦး သေဆုံး


ကင်ညာနိုင်ငံ မြောက်ပိုင်းရှိ ဒုက္ခသည် စခန်းတစ်ခုတွင်ဇန်နဝါရီ၁၇ရက်နံနက် စောစောပိုင်းက ဖောက်ခွဲရေး ပစ္စည်းများ သယ်ဆောင်လာသူနှစ်ဦး ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးကြောင်း၊ ၄င်းတို့သည် အကြမ်းဖက်သမားများဟု ယူဆရကြောင်း သတင်းတွင် ဖော်ပြသည်။ ဒါဒက်ဘ်ဒေသရှိ ဟက်ဂ်ျဒီရာ ဒုက္ခသည် စခန်းတွင်းသို့ အသေခံဗုံးခွဲရန် အကြံဖြင့် အကြမ်းဖက်သမားနှစ်ဦး ဝင်ရောက်လာကာ ဗုံးဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက အခိုင်အမာ ပြောကြားသည်။ ၄င်းတို့နှစ်ဦးက လက်လုပ်ဗုံးဖြင့် အသေခံ ဖောက်ခွဲလိုက်ရာ ၄င်းတို့နှစ်ဦး သေဆုံးကြောင်း၊ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ယင်းဒေသတွင် ပုံမှန်ကင်းလှည့်နေသော လုံခြုံရေးအရာရှိများနှင့် လမ်းသွားလမ်းလာများအား ပစ်မှတ်ထားကာ အသေခံဗုံး ဖောက်ခွဲခြင်းဖြစ်ကြောင်း ဒေသခံ များက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment