Saturday, January 12, 2013

ကချင်ဒေသကတိုက်ပွဲတွေကြောင့် နယ်စပ်တစ်လျှောက် တရုတ်စစ်တပ်တွေ တိုးမြှင့်ချထား

အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပြင်း ထန်လာနေတဲ့အတွက် တရုတ်အစိုးရက မြန်မာ နယ်စပ်မှာ တရုတ် စစ်တပ်တွေ တိုးမြှင့်ချထားလိုက်တယ်လို့ အင်္ဂလပ် ဘာသာနဲ့ ထုတ်ဝေတဲ့ Global Times တရုတ်အစိုးရသတင်းစာက ဖေါ်ပြလိုက် ပါ တယ်။

 
အခြေအနေတွေကို သိရဖို့အတွက် တရုတ်၊ယူနန်ပြည်နယ် နဲ့ မြန်မာ ကချင်ပြည်နယ် နယ်စပ်မှာစစ် တပ် တွေချထားခဲ့တာဖြစ်ကြောင်း Global Times က သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် တပ်အင်အားဘယ်လောက်ချထားတယ် စတာကိုတော့ အသေးစိတ်အချက် အလက်တွေ ဖေါ်ပြ ထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်န၀ါရီ (၉) ရက်နေ့ညက ကချင်ဘက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီးတဲ့နောက် မှာတော့ ဒေ သခံတွေ တရုတ်-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲ ပြေးဝင်လာခဲ့ကြတယ်ဆိုတာ ကိုတော့ ဖေါ်ပြထားပါတယ်။

မနှစ်က ကချင်ပြည်နယ်တွင်းတိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေကို တရုတ်အစိုးရက အတင်းအကျပ်ပြန်ပို့ခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့ တွေက ပြစ်တင်ဝေ ဖန်ခဲ့ကြပါ တယ်။
RFA

No comments:

Post a Comment