Saturday, January 5, 2013

ကမ္ဘာ့သက်တမ်းအရှည်ဆုံး သစ်ပင် အိုင်ယာလန်မြောက်ပိုင်း၌ ရှင်သန်လျက်ရှိနေ


ကမ္ဘာ့သက်တမ်း အရှည်ဆုံးသစ်ပင်ဟု သတ်မှတ်ထားခြင်း ခံရသည့် အိုင်ယာလန်နိုင်ငံ မြောက်ပိုင်း ဘဲလ်ဖတ်မြို့ရှိ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ အခွံမာသီးများ သီးလေ့ရှိသော သစ်ပင်ကြီးမျိုးနွယ်ဝင် (beech) သစ်ပင်ကြီးသည် ရှင်သန်နေဆဲဖြစ်ကြောင်း ဒေသတာဝန်ရှိသူများက ဆိုသည်။ သို့သော် အဆိုပါ သစ်ပင်ကြီး၏ အမြစ်များသည် လမ်းများကို ပျက်စီးစေသည်ဟုဆိုကာ အချို့သော သူများက ခုတ်လှဲရန် ကြံစည်ခဲ့ကြ၍ သဘာဝ ပတ်ဝန်းကျင်ရေးရာ ၀န်ကြီး အဲလက်စ်အတ်ဝုဒ်က အဖိုးတန် သစ်ပင်ရင့်မာကြီး တစ်ပင်ဖြစ်ကြောင်း၊ သဘာဝအတိုင်း ပေါက်ရောက်နေသော်လည်း ယင်း၏ အမြစ်များက လမ်းမျာအးပေါ် အကျိုးသက်ရောက်မှု ရှိစေသည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း အကောင်းဆုံး နည်းလမ်းများ ရှာကြံ၍ အပင်ကြီး ဆက်လက် ရှင်သန်နိုင်အောင် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
khitlunge

No comments:

Post a Comment