Friday, January 18, 2013
ကက်ရှ်မီးယား၌ အပစ်အခတ်ရပ်စဲရန် အိန္ဒိယနှင့် ပါကစ္စတန် သဘောတူ
ကက်ရှ်မီးယားဒေသ၌ နယ်စပ်ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ ဇန်နဝါရီ ၁၇ ရက်တွင် သဘောတူညီလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ ကက်ရှ်မီးယားဒေသ၌ တင်းမာမှု အဆုံးသတ်စေရေးအတွက် ဆွေးနွေးလိုကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဟီနာရက်ဘာနီခါးက အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးအား မေတ္တာရပ်ခံပြီးနောက် နှစ်ဖက်တပ်ဖွဲ့များ အပစ်အခတ် ရပ်စဲခြင်းဖြစ်သည်။ ကက်ရှ်မီးယားဒေသ၏ ထိန်းချုပ်ရေး မျဉ်းကြောင်း တစ်ဖက်တစ်ချက်တွင် အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ကို ချိုးဖောက်သည့် ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်ခြင်း မရှိကြောင်း အိန္ဒိယကြည်းတပ်၏ မြောက်ပိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ရာဂျက်ရှ် ကာလီယာက ပြောကြားသည်။ နှစ်နိုင်ငံ ထိန်းချုပ်ရေး မျဉ်းကြောင်း တစ်လျှောက်တွင် ဇန်နဝါရီ ၆ ရက်နောက်ပိုင်း ပါကစ္စတန် စစ်သားသုံးဦးနှင့် အိန္ဒိယတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီးနောက် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယနှင့် ပါကစ္စတန်တပ်ဖွဲ့များမှ ဗိုလ်ချုပ်ကြီး နှစ်ဦးအကြား ဇန်နဝါရီ ၁၆ ရက်က တယ်လီဖုန်းဖြင့် ပြောဆိုခဲ့ရာတွင် နှစ်ဖက် အပစ်အခတ်ရပ်စဲကြရန် သဘောတူညီခဲ့ကြသည်။ (ပီတီအိုင်)
khitlunge

No comments:
Post a Comment