Monday, January 28, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ အထည်ချုပ်စက်ရုံ မီးလောင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အထည်ချုပ် စက်ရုံတစ်ရုံ ဇန်နဝါရီ ၂၇ ရက် နံနက်က မီးလောင်မှု ဖြစ်ပွားရာ ခုနစ်ဦး သေဆုံးပြီး အလုပ်သမားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒါကာမြို့ မီးသတ်တပ်ဖွဲ့မှ အရာရှိများက ပြောကြားသည်။ အဆိုပါ အထည်ချုပ်စက်ရုံမှာ စမတ်အထည်ချုပ် စက်ရုံဖြစ်ပြီး မီးလောင်မှု နှစ်နာရီ ခန့်ကြာ ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ခဲ့သည်။ ယင်းစက်ရုံ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးလျက် ရှိသည်။ စက်ရုံမီးလောင်မှုကြောင့် အထည်ချုပ်စက်ရုံ အဆောက်အအုံနှင့် ကုန်ကြမ်း၊ ကုန်ချောပစ္စည်းများ မီးလောင်ခံခဲ့ရပြီး အလုပ်သမားခုနစ်ဦး သေဆုံးကာ အလုပ်သမား ငါးဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းစက်ရုံသည် ဒါကာမြို့မိုဟာမက်ပူရာ ခရိုင်အတွင်း တည်ရှိပြီး စက်ရုံအပေါ်ထပ်၌ သေဆုံးသူများကို မီးသတ်တပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment