ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်မှာ လုံခြုံရေးယူထားသည့် KIA စစ်သားများကို တွေ့မြင်ရစဉ်။
မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက စစ်ပွဲများအဆုံးသတ် ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိနိုင်ဘို့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးသင့်ကြောင်း (PCG ) ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ က ဒီနေ့ ထုတ်ဖေါ်ပြောကြားပါတယ်။
အစိုးရနဲ့ KIO တို့ ငြိမ်းချမ်းရေးဆွေးနွေးဘို့ PCG အဖွဲ့အနေနဲ့
စားပွဲဝိုင်းပေါ်ရောက်အောင် ပို့ပေးနိုင်ခဲ့ပေမဲ့ ဆွေးနွေးပွဲ စုစုပေါင်း
၁၁ကြိမ်ရှိသွားခဲ့ပြီး ရလဒ်အဖြေတော့ တစုံတရာမရရှိခဲ့ဘူးလို့
အကျိုးဆောင်အဖွဲ့က ဦးယွပ်ဇော်ခေါင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ကို
စည်းရုံးရေးခရီးစဉ်လာရောက်စဉ်ကလည်း
ပြည်နယ်ငြိမ်းချမ်းရေးရရှိဘို့ပြောဆိုခဲ့ဘူးကြောင်း ကချင်ပြည်နယ်ကို
ဒေါ်အောင်ဆန်းစုကြည် ပစ်ပယ်ထားလိမ့်မယ်လို့ မမျှော်လင့်ကြောင်း
ပြောဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ဟာ ၁၉၉၄ခုနှစ်က
အစိုးရနဲ့ အပစ်အခပ်ရပ်စဲခဲ့ပြီး ၂၀၁၁ခုနှစ်မှာ
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့
သဘောထားကွဲလွဲမူတွေဖြစ်ပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်
ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
RFA

No comments:
Post a Comment