Saturday, January 5, 2013

ကမ္ဘောဒီးယားနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်


ကမ္ဘောဒီးယားနိုင်ငံ အထွေထွေရွေးကောက်ပွဲကို လာမည့် ဇူလိုင် ၂၈ ရက်တွင် ကျင်းပရန် သတ်မှတ်ထားရာ တစ်နိုင်ငံလုံး လူဦးရေ၏ ၉ ဒသမ ၆၇ သန်းခန့် မဲပေးပိုင်ခွင့် ရရှိကြမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အမျိုးသား ရွေးကောက်ပွဲကော်မတီ (အင်န်အီးစီ)က ဇန်န၀ါရီ ၄ ရက်၌ သတင်းထုတ်ပြန်သည်။ ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်း လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦး နေရာအတွက် ပြည်သူများ မဲပေးနိုင်ရန် မဲရုံပေါင်း ၁၉၀၀၉ ရုံကို တည်ဆောက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အမျိုးသား ရွေးကောက်ပွဲ ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဟာဗင်ဆီဗီလေက ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ငါးနှစ်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပလျက်ရှိရာ ၂၀၀၈ ခုနှစ်က နောက်ဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းရွေးကောက်ပွဲတွင် ၀န်ကြီးချုပ် ဟွန်ဆင်ပါတီဖြစ်သည့် ကမ္ဘောဒီးယား ပြည်သူ့ပါတီက အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ၉၀ ဖြင့် အများဆုံး ရွေးချယ်ခံခဲ့ရသည်။
khitlunge

No comments:

Post a Comment