Saturday, January 26, 2013

ဆီးဂိမ်းမှာ စီစဉ်ထားတဲ့ အားကစား ၅ မျိုး ဖြုတ်ချ

(ဓာတ်ပုံ - Getty Images)

ဒီဇင်ဘာလမှာ ကျင်းပမယ့် ဆီးဂိမ်းအားကစားနည်းတွေထဲက၅ခုကိုအိမ်ရှင် မြန်မာပြည်က ဖြုတ်လိုက်တယ် လို့ ဘန်ကောက်အခြေစိုက် The Nation သတင်းစာ သတင်းတပုဒ်မှာ ရေးထားပါတယ်။

ဘာကြောင့်မှန်း မသိ အဖြုတ်ခံရတယ် ဆိုတဲ့ ကစားနည်း ၅ ခုကတော့ ဒီလိုပါ -

tennis (တင်းနစ်)
table tennis (စားပွဲတင်တင်းနစ်/ပင်ပေါင်)
badminton (ကြက်တောင်)
gymnastics (ဘားတန်းခုန်)
field hockey (ဟော်ကီ)

ကြက်တောင်ကို ဘာကြောင့် ဖြုတ်လိုက်သလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ကြက်တောင်ရိုက်ပြိုင်ပွဲတွေကို မြန်မာပြည်အနှံ့ ကျင်းပလာတာ နှစ်ပေါင်းများစွာ ကြာပြီ မဟုတ်လား။
ဓာတ်ပုံ - အားကစားဝန်ကြီးဌာန
ဇူလိုင် ၂၆ ရက်နေ့က ဆီးဂိမ်းကျင်းပရေး ကြိုတင်ပြင်ဆင်မှု ဦးဆောင်ကော်မတီ နာယက ဒေါက်တာစိုင်းမောက်ခမ်းရဲ့ လှုပ်ရှားမှု ဓာတ်ပုံတွေထဲမှာတောင် ဆီးဂိမ်းအတွက် လေ့ကျင့်နေတဲ့ ကြက်တောင်သမားတွေကို တွေ့ရမှာပါ။
ရွှေတံဆိပ် မသေချာလို့ ဖြုတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

အားကစား ၅ ခု ဖြုတ်လိုက်တယ် ဆိုတာကြောင့် ထိုင်းနဲ့စင်ကာပူတို့က လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် ဆီးဂိမ်းအဖွဲ့ချုပ် ဆွေးနွေးပွဲမှာ ကန့်ကွက်ပြောဆိုမယ်လို့ The Nation သတင်းထဲမှာ ရေးထားပါတယ်။

စင်ကာပူကဆိုရင် အဲဒီ ဖြုတ်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ စာပို့ထားပါတယ် တဲ့။

ဆီးဂိမ်းမှာ မြန်မာပြည်က အားကစား ၁၇ မျိုး ထပ်ထည့်ထားတယ်၊ အဲဒါတွေက မြန်မာ့ရိုးရာကစားနည်းတွေ၊ ပြီးတော့ အိုလံပစ်မှာ မပါတဲ့ ကစားနည်းတွေ ဖြစ်တယ် တဲ့။

သတင်းက စိတ်ဝင်စားစရာပါပဲ။ သို့သော်လည်း အားကစားဝန်ကြီးဌာန အွန်လိုင်းစာမျက်နှာမှာ ဒီအကြောင်းအရာ ရှာကြည့်တော့  မတွေ့ရပါ၊ မြန်မာသတင်းများထဲမှာလည်း မတွေ့ရသေးပါ။

 ပန်ကြပ်ဆီလတ် -
ဆီးဂိမ်း လို့ အတိုကောက် ခေါ်တဲ့ အရှေ့တောင် အာရှ  အားကစား ပြိုင်ပွဲမှာ မြန်မာပရိသတ်တချို့အတွက် ထူးခြားတာကတော့  ပန်ကြပ်ဆီလတ် ဖြစ်ပါတယ်။

မလေး၊ အင်ဒိုတို့က ထွင်ထားတဲ့ သိုင်းကစားနည်း ဖြစ်ပါတယ်။
နေပြည်တော်မှာ ပန်ကြပ်ဆီလတ် ထိုးသတ်မှုပွဲတခု (ဓာတ်ပုံ - အားကစားဝန်ကြီးဌာန)
ဒီဇင်ဘာမှာ လာတော့မယ့် ဆီးဂိမ်းအတွက် မြန်မာအားကစားတွေလည်း ပန်ကြပ်ဆီလတ် အပြင်းအထန် လေ့ကျင့်နေတယ်လို့ စက်တင်ဘာလ မြ၀တီ  သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ပန်ကြပ်ဆီလတ်  သိုင်းအဖွဲ့မှာ ကျား ၁၅ ဦး၊ မ ၅ ဦးကို  လေ့ကျင့် သင်ကြားပေးနေပါတယ် တဲ့။

ရွှေတွေ ရွှေဘယ်လောက် ရမလဲ -
၂၇ ကြိမ်မြောက် ဆီးဂိမ်းကြီး ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများကို ကျင်းပမယ့်နေရာကတော့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ ဖြစ်ပါတယ်။

အားကစားပွဲတွေ လုပ်ရင် အိမ်ရှင်နိုင်ငံက ရွှေတွေ တထောကြီး သိမ်းလေ့ရှိပါတယ်။
နေပြည်တော်၊ ရန်ကုန်တို့မှာ လုပ်မယ့် ဆီးဂိမ်းကနေ ရွှေတွေက ရွှေအများကြီး ရဖို့ ကြိုးပမ်းနေပုံပါပဲ။

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကတော့ ဆီးဂိမ်း အောင်နိုင်ရေး ကြိုတင်ပြင်ဆင်မှု ညှိနှိုင်း အစည်းအဝေးတခုမှာ ဟောဒီလို ပြောထားကြောင်း သမ္မတရုံးအွန်လိုင်းမှာ တွေ့ရပါတယ် -

ယခုလာမည့် ပြိုင်ပွဲမှာ အိမ်ရှင်နိုင်ငံဖြစ်၍ ပထမဆု မျှော်မှန်းရမှာ ဖြစ်ပြီး မရခဲ့သည့်တိုင် အဆင့်( ၁ ) မှ အဆင့် ( ၃ ) အတွင်း ရရန်လိုကြောင်း၊ သို့မှသာ သမိုင်းမှတ်တမ်း လှမည်ဖြစ်ကြောင်း။

အဆင့် ၁ ပဲ ရရ ဘာပဲ ရရ ဒီပွဲကြီး (အဆင်ပြေပြေ) လက်ခံကျင်းပနိုင်မယ် ဆိုရင်တော့ အစိုးရ မျက်နှာပန်းလှမယ်လို့ ဆိုချင်ပါတယ်။
irrawaddy blog

အင်ဒိုနိးရှားနိုင်ငံ ဘာလီကျွန်း ၂၀၀၈ သဲသောင်ပြင် အားကစားပြိုင်ပွဲ မြင်ကွင်းတခု  (ဓာတ်ပုံ - Getty Images)
 

No comments:

Post a Comment