Friday, January 11, 2013

ဆူဒန်ရှိ အမေရိကန် အကူအညီပေးရေးသံတမန်အား သတ်ဖြတ်ခဲ့သူများကို သတင်းပေးနိုင်သူအား ဒေါ်လာ ၁၀ သန်းချီးမြှင့်မည်


ဆူဒန်တရားရုံးချုပ်မှ ဖမ်းဆီးပြီး ပြစ်ဒဏ်စီရင်ခြင်း ခံထားရသူ နှစ်ဦးအား သတင်းပေး ညွှန်ပြနိုင်ပါက အမေရိကန်ဒေါ်လာ ၁ဝ သန်း ချီးမြှင့်မည်ဟု အမေရိကန် အစိုးရက ဇန်နဝါရီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ဆူဒန် သတင်းစာတွင် ဖော်ပြသည်။ အမေရိကန် အစိုးရက ဇန်န၀ါရီ ၈ ရက်တွင် ထုတ်ပြန်သော ယင်းဆုငွေ ချီးမြှင့်ခြင်း အစီအစဉ်အရ လွန်ခဲ့သည့် ငါးနှစ်တာကာလက အမေရိကန် သံတမန်တစ်ဦးနှင့် ၄င်း၏ ယာဉ်မောင်းအား သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော အပြစ်ဖြင့် ဆူဒန် အာဏာပိုင်များက ဖမ်းဆီးကာ ပြစ်ဒဏ်စီရင်ခြင်း ခံရသော လူနှစ်ဦးကို ဖော်ထုတ်ညွှန်ပြ ပေးရမည်ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တရားမျှတမှု အစီအစဉ်မှ ကမ်းလှမ်းခဲ့သော ဆုကြေးငွေ ချီးမြှင့်မည့် အစီအစဉ်တွင် ၂၀၀၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်က အမေရိကန် ပြည်ထောင်စု  အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနမှ သံတမန် တစ်ဦးဖြစ်သူ ဂျွန်ဂရမ်းဘေးနှင့် ၄င်း၏ယာဉ်မောင်း အဗ္ဗမူဝမ်အာဘတ်စ်ရာမာဟာတို့အား သတ်ဖြတ်ခဲ့သူ နှစ်ဦးအား ဖော်ပြထားသည်။ အမေရိကန် နိုင်ငံခြားရေးဌာနမှ အမည်ဖော်ထုတ်ထားသူ နှစ်ဦးမှာ အဗ္ဗဒလဲလ်ဘာစစ် အလာ့ဂ်ျအယ်လ် ဟက်ဆန်ဟာ့ဂ်ျဟာမက်နှင့် မိုဟာမက် မက်ကာစီအီ ဘရာဟင်မိုဟာမက်တို့ ဖြစ်ကြပြီး ၄င်းတို့မှာ ဆူဒန် အာဏာပိုင်များက လူသတ်မှုတွင် ပါဝင်သူများအဖြစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူများဖြစ်သည်။ ၄င်းတို့နှစ်ဦးအတွက် တစ်ဦးလျှင် ဆုကြေးငွေ ဒေါ်လာ ငါးသန်းစီ သတ်မှတ်ထားသည်။
khitlunge

No comments:

Post a Comment