Friday, January 11, 2013

အမေရိကန်နိုင်ငံ၌ အပူဆုံး စံချိန်တင်


အမေရိကန်နိုင်ငံ၏ ပြည်နယ်ပေါင်း ၄၈ ပြည်နယ်ခန့်သည် ၂၀၁၂ ခုနှစ်အတွင်း မှတ်တမ်းများအရ အပူချိန်မြင့်မားမှု စံချိန်သစ်တင်ခဲ့ကြောင်း နိုင်ငံပိုင် မိုးလေဝသဌာနမှ စိစစ်မှတ်တမ်းရေး အရာရှိများက ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ၏ ၂ဝ၁၂ ခုနှစ်အတွင်း တစ်နှစ်တာ ပျမ်းမျှအပူချိန်သည် လွန်ခဲ့သည့် ၂ဝ ရာစုနှစ်များ၏ ပျမ်းမျှအပူချိန်ကို ကျော်လွန်ကာ ၁၉၉၈ ခုနှစ်၏ မှတ်တမ်းတင် အမြင့်မားဆုံး အပူချိန်ထက် ၃ ဒသမ ၂ ဒီဂရီ ဖာရင်ဟိုက် ပိုမိုများပြားခဲ့သည်။ ၂ဝ၁၂ ခုနှစ်၏ ပျမ်းမျှအပူချိန်သည် ပြီးခဲ့တဲ့သည့် နှစ်များထက်ပိုပြီး စံချိန်တင် ပူပြင်းခဲ့သည်။ မှတ်တမ်းအရ ၁၉၉၈ ခုနှစ်သည် ၆၄ နှစ်တာကာလအတွင်း အပူဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း၊ ယင်းစံချိန်ကို ၂၀၁၂ ခုနှစ်ရဲ့ အပူချိန်စံချိန်က ချိုးလိုက်ခြင်းဖြစ်ကြောင်း အဏ္ဏဝါနှင့်ကမ္ဘာ့လေထု စီမံခန့်ခွဲရေးအဖွဲ့ (အင်န်အိုအေအေ) ၏ နိုင်ငံတွင်း ရာသီဥတု အချက်အလက် ထုတ်ပြန်ရေး ဗဟိုဌာနမှ ဇန်နဝါရီ ၈ ရက်က ပြောကြားခဲ့သည်။ ရာသီဥတုက ပူသည့်ဘက်ကို ကူးပြောင်းနေပြီဆိုသည်ကို သံသယ မရှိလောက်အောင် ဖြစ်ကြောင်း အစိုးရအဖွဲ့ သုတေသနပညာရှင်များက ဆိုသည်။ NAOO ၏ မှတ်တမ်းများက ရာသီဥတု ပြောင်းလဲမှုကို ပြုပြင်တားဆီးရန် စတင်သင့်နေပြီဟု သတိပေးနေသကဲ့သို့ ဖြစ်ကြောင်း၊ သမ္မတကြီးကိုယ်တိုင်က အလုပ်ရုံ၊ စက်ရုံများနှင့် ပတ်သက်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ထိန်းချုပ် ကန့်သတ်ရန်အတွက် ဦးဆောင် ပါဝင်တော့မည်မှာ သတင်းကောင်းတစ်ခုဖြစ်ကြောင်း သဘာဝ အရင်းအမြစ် ထိန်းသိမ်းကာကွယ်ရေး ကောင်စီ၏ ရာသီဥတုနှင့် လေထု သန့်ရှင်းရေး အစီအစဉ်မှ ဒါရိုက်တာ ဒင်နီရယ်လာ့စ်ရှော့ဖ်က ပြောကြားသည။်
khitlunge

No comments:

Post a Comment