Friday, January 11, 2013

ဆီးဂိမ်းတွင် ဆုတံဆိပ် ၁၃၀၀ ကျော် ချီးမြှင့်မည်


ဆီးဂိမ်းတွင် ဆုတံဆိပ် စုစုပေါင်း ၁၃၅၇ ခု ချီးမြှင့်သွားရန် စီစဉ်ထား သည် ဟု အားကစားဝန်ကြီးဌာနမှ သိရသည်။
ယင်းဆုတံဆိပ်များကို ပြိုင်ပွဲ ၄၀၉ ပွဲတွင် ပေးအပ်သွားမည် ဖြစ် ပြီး ရွှေဆု ၄၀၉၊ ငွေ ၄၀၉၊ ကြေး ၅၃၉ ဆု ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။
ပေးအပ်ချီးမြှင့်ဆုများတွင် ပြေးခုန်ပစ် အားကစားနည်းနှင့် ရေကူး/ ဒိုင်ဗင်ကစားနည်းများမှာ ဆုတံဆိပ် အများဆုံး ဖြစ်ပြီး ယင်းကစားနည်း ၂ ခုပေါင်း ဆုတံဆိပ်မှာ ၂၁၀ အထိ ရှိကြောင်း သိရသည်။အဆိုပါ ဆုများ အတည်ပြုကြေငြာခြင်းကို ယခုလ ၂၉ ရက်နေ့တွင် ကျင်းပမည့် SEAGF အစည်းအဝေးတွင် အတည်ပြု ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

AZ
Popular Myanmar News Journal

No comments:

Post a Comment