Tuesday, January 22, 2013

နိုင်ငံတကာ ပညာရေးစနစ်နှင့် တန်းတူဖြစ်စေရန် ၁၂ တန်းပညာရေးစနစ်ကို မဖြစ်မနေပြုလုပ်သင့်


နိုင်ငံတကာတွင် သတ်မှတ်ထားသည့် ပညာရေးစနစ်များနှင့် တန်းတူဖြစ်လာစေရန်နှင့် ၁၂ တန်းပညာရေးစနစ်ကို မဖြစ်မနေပြုလုပ်သင့်သည်ဟု ပညာရေးအသိုင်းအ၀ိုင်းမှ ကျွမ်းကျင်သူများကပြောသည်။

“နိုင်ငံတကာမှာ သူငယ်တန်းပြီးရင် ၁ တန်းကစတယ်။ ၁ တန်းကနေ ၆ တန်းပြည့်မှ မူလတန်းပြီးမြောက်တယ်။ သူများနိုင်ငံတွေမှာ ၆ နှစ်တက်ရပြီး ဒီမှာက ၄ နှစ်ပဲ တက်ရတယ်။ အဲဒီမှာ ၂ နှစ်ကွာနေပြီ။ နောက် အထက်တန်းပညာရေးကို ၄ တန်းထားတယ်။ အမှန် ၁၀ တန်းစာမေးပွဲဆိုတာ အလယ်တန်းစာမေးပွဲပါ။ အထက်တန်းစာမေးပွဲ၊ တက္ကသိုလ် အထက်တန်းစာမေးပွဲဆိုတာ ၁၂ တန်းဖြစ်ရမှာပါ။ ၁၂ တန်းအောင်မှ တက္ကသိုလ်တက်လို့ရတယ်။ နိုင်ငံတကာနဲ့ တန်းတူဖြစ်ဖို့အတွက် အဲဒါတွေကို လိုက်ပြီးပြောင်းဖို့လိုတယ်” ဟု ဒေါက်တာဘိုင်အိုကပြောသည်။ လက်ရှိကျင့်သုံးနေသည့် ၁၁  တန်း ပညာရေးစနစ်သည် နိုင်ငံတကာပညာရေးစနစ်နှင့် ကိုက်ညီမှုမရှိသည့်အတွက် ပြည်ပတက္ကသိုလ်များတွင် တက်ရောက်နိုင်ရန်အတွက် စာသင်နှစ်တစ်နှစ် ပြန်တက်နေရသည်ဟု သိရသည်။ “နိုင်ငံတကာမှာတော့ Secondary ပညာရေးပြီးဆုံးပြီးရင် Pre-University ပရိုဂရမ်မှာ၊ University Foundation ပရိုဂရမ်တွေကတစ်ဆင့် တက္ကသိုလ်ပညာရေးကို တက်လှမ်းကြပါတယ်။ ဒီနေရာတွေက ကျောင်းသားတွေကို တက္ကသိုလ်ပညာရေးစနစ်အတွက် ဘာသာရပ်ရွေးချယ်တာ၊ တက္ကသိုလ်အဆင့် လေ့လာသင်ယူမှု စနစ်ပုံစံတွေကို ပြင်ဆင်ပေးတယ်။ နိုင်ငံတကာ ပညာရေးစနစ်မှာ ၁၁ တန်းပဲ တက်ရောက်ခဲ့တဲ့သူတွေက တက္ကသိုလ်ပထမနှစ်ကို တက်ရောက်ခွင့် ရလေ့မရှိဘူး။ ၁၂ တန်းပညာရေး ပြီးမြောက်အောင် လေ့လာသင်ယူပြီးမှ တက္ကသိုလ်ပထမနှစ်ကို တက်လို့ရတယ်။ ပြည်ပသွားပြီး တက္ကသိုလ်တက်ဖို့ ၁ နှစ်ထပ်တက်နေရတယ်။ ဒါကြောင့် စာသင်နှစ်ကို မဖြစ်မနေ တိုးသင့်တယ်” ဟု ပညာရေးအတိုင်ပင်ခံတစ်ဦးကပြောသည်။ ပြည်တွင်းတွင် ၁၂ တန်း ပညာရေးစနစ်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းများ ရေးဆွဲနေသည်ဟုသိရပြီး ၂၀၁၆- ၂၀၁၇ ခုနှစ် ပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော်မည်ဟု သိရသည်။

ရေးသားသူ -ကိုဟိန်း
Internet Journal

No comments:

Post a Comment