ကမ္ဘာ့အပြင်ဘက်၌ သတ္တုရှာဖွေမည်
အမေရိကန်နိုင်ငံ
ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာမိုနီကာရှိ ဒိ(ပ်)အာကာသ စူးစမ်းလေ့လာရေး
ကုမ္ပဏီက ကမ္ဘာမြေအနီး ဂြိုဟ်သိမ်ဂြိုဟ်မွှားများတွင် ဓာတ်သတ္တု
တူးဖော်ရှာဖွေသွားမည်ဖြစ်ကြောင်း ၄င်းကုမ္ပဏီက ဇန်နဝါရီ ၂၂ ရက်တွင်
ကြေညာသည်။ အဆိုပါကုမ္ပဏီက ပထမအဆင့်အနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် လူမပါသော
အာကာသယာဉ်များ စေလွှတ်ခဲ့ပြီး နောက်တစ်ဆင့်အဖြစ် အာကာသယာဉ်ကြီးများ စေလွှတ်ကာ
ဂြိုဟ်များမှ မြေသားနမူနာများ စုဆောင်းပြီး ကမ္ဘာမြေတွင် လေးနှစ်ကြာ သုတေသန
ပြုလုပ်သွားမည်ဟု ဆိုသည်။ ဂြိုဟ်သိမ်များအတွင်း ရှားပါးသတ္တုများ
ရှိနိုင်ကြောင်း ပညာရှင်တို့က ခန့်မှန်းထားသည်။
khitlunge
No comments:
Post a Comment