Wednesday, January 23, 2013

ကိုလံဘီယာနိုင်ငံတွင် သူပုန်များ အပစ်အခတ် ရပ်စဲမှု အဆုံးသတ်


ကိုလံဘီယာ နိုင်ငံတွင်းရှိ ဖားစ်သူပုန်များ နှစ်လအကြာ အပစ်အခတ် ရပ်စဲထားသည်ကို အဆုံးသတ်လိုက်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဇန်နဝါရီ ၂ဝ ရက်က ဖော်ပြသည်။ ကိုလံဘီယာ သမ္မတ ဂျူယန်မန်နျူရယ်ဆန်တို့စ်က လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက် အသင့်ပြင်ထားရန် မိန့်ကြားလိုက်ပြီးနောက် ဖားစ်သူပုန်တို့၏ ယခုကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကျူးဘားနိုင်ငံအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ဖားစ်သူပုန်များသည် အတိုက်အခိုက် ရပ်စဲရေးကို ကြေညာခဲ့သည်။ သူပုန်များက လက်နက် ဆက်လက်ကိုင်စွဲခွင့်ကို အစိုးရဘက်က ကန့်ကွက် ငြင်းဆန်ခဲ့သည်။ ကိုလံဘီယာ နိုင်ငံအတွင်း ဆယ်စုနှစ်ငါးခုအကြာ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရေး အတွက် နှစ်ဖက် အုပ်စုတို့က ကျူးဘားနိုင်ငံ ဟာဗားနားမြို့တွင် တွေ့ဆုံ ဆွေးနွေးကြခြင်း ဖြစ်သည်။ အစိုးရနှင့် ဖားစ်သူပုန်တို့၏ စစ်ပွဲများအတွင်း သေဆုံးသူ ၆ဝဝဝဝဝ ခန့်ရှိသည်။' 'ကျွန်တော် စိတ်ဒုက္ခဖြစ်ရပါတယ်။ ဘယ်သူမှ မလိုလားတဲ့ စစ်ပွဲများဆီ ပြန်လည် ဦးတည်သွားပြီ ဖြစ်ပါတယ်'' ဟု ဖားစ်သူပုန်ခေါင်းဆောင်၏ ကိုယ်စားလှယ် အိုင်ဗင်မာကွတ်ဇ်က ကိုလံဘီယာ အစိုးရဘက် ကိုယ်စားလှယ်အဖွဲ့နှင့် မတွေ့ဆုံမီ သတင်းထောက်များအား ပြောကြားခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment