Wednesday, January 2, 2013

ရွှေဖြူနှင့် လုပ်သော မာစီဒီး

ဒူဘိုင်းမြို့ က ရေနံ စော်ဘွားဘီလျံနာတစ်ဦး ပိုင်တဲ့ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes- Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ် ထည် ကို ယခုလို မြင်တွေ့ ရပါတယ်။

Mercedes-Benz SLR McLaren ဆိုတာ ဂျာမနီ Mercedes နဲ့ ဗြိတိန် McLaren တို့ ပေါင်းထုတ်တဲ့ စူပါ ကား တစ်မျိုး ဖြစ်ပြီး ၂၀၀၃ နဲ့ ၂၀၀၉ ကြားက ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၅၄၀၀ စီစီက မူရင်းဖြစ်ပေမယ့် ယခု မြင်တွေ့ရတဲ့ ကားကတော့ အတွင်းရော၊ အပြင်မှာ ပြန်လည် Modification လုပ်ထား ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု ၁၆၀၀ ရှိပြီး မြန်နှုန်းကလည်း တစ်နာရီ မိုင် ၂၀၀ အထက်မှာ ရှိပါတယ်။

ကားအတွင်းက အင်ဂျင်ရဲ့  စွမ်းအင် လုပ်ဆောင်ချက်တွေထက် အပြင်က ပိုပြီးတော့ စွဲဆောင်မှု ရှိနေပါ တယ်။ ပလက်တီနမ်သတ္တုတစ်မျိုးတည်းနဲ့ ပြု လုပ်ထားတဲ့ Mercedes-Benz SLR McLaren ဟာလည်း ကမ္ဘာ့ဈေးကြီး ကားထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
Ref: autonewsweek
 
Yoyarlay

No comments:

Post a Comment