Wednesday, January 16, 2013

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ်၌ တောမီးလောင်ကျွမ်း


သြစတြေးလျနိုင်ငံအနောက်တောင်ပိုင်းနယူးဆောက်သ်ဝေး ပြည်နယ်တွင် တောမီး လောင်ကျွမ်းမှုကြောင့် နေ
အိမ် ၂၈ လုံးပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားသည်။ နယူးဆောက်သ်ဝေးပြည်နယ် ဝါရမ်ဘန်လီ အမျိုးသားဥယျာဉ် အတွင်း၌ အဆိုပါတောမီး လောင်ကျွမ်းမှုကို မထိန်းချုပ်နိုင်ခဲ့မှုကြောင့် သစ်တောဧရိယာ ဟက်တာ ၄ဝဝဝဝ နီးပါး မီးဘေးသင့်ခဲ့ကြောင်း ဒေသဆိုင်ရာ မီးသတ်ဦးစီးဌာန (အာရ်အက်ဖ်အက်စ်) က ပြောကြားသည်။ နယူးဆောက်သ်ဝေး ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ယင်းမီးလောင်မှု ဖြစ်ပွားသည့် နေရာသို့သွားရောက်ပြီး ပျက်စီးခဲ့သည့် အိမ်အရေအတွက် စာရင်းကို ရယူဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာဉ်ယန္တရား အများအပြားကို မီးလောင်မှု ဖြစ်ပွားသည့်နေရာသို့ ဖြန့်ကြက်စေလွှတ်ပြီး မီးငြှိမ်းသတ်မှုများ လုပ်ဆောင်လျက်ရှိ သည်။ အဆိုပါ တောမီး လောင်မှုကြောင့် စိုက်ပျိုးရေး လုပ်ငန်းခြံ ၄ဝ လည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။ 
khitlunge

No comments:

Post a Comment