Thursday, January 10, 2013

ပြည်ထောင်စု လွှတ်တော်နာယက အမတ်များကို သတိပေး


ယနေ့ကျင်းပ ပြုလုပ်သည့် ဆဌမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ် များကို ခွင့်ပျက်ကွက်မှု မရှိစေရန် သတိပေး ပြောကြား လိုက်ကြောင်း  နေပြည်တော် သတင်းထောက်က သတင်းပေးပို့သည်။
ယခု သုံးလနီးပါးကြာ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် ဘဏ္ဍရေးကိစ္စရပ်များ ဆွေးနွေးရန်ရှိသောကြောင့် ယင်းသို့ သတိပေး ပြောကြားခြင်းဖြစ်ကြောင်း တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ကျင်းပသော ပဉ္စမအကြိမ် အဆိုပါလွှတ်တော်အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး ခွင့်ယူ ပျက်ကွက်ခဲ့ရာ အများဆုံးခွင့်ယူသည့် အမတ်ဦးရေ အဖြစ် စံချိန်တင်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment