Tuesday, January 8, 2013
မက်တဲလစ် ကွင်းလယ်လူ တိုင်ဆန်ကို ခေါ်ယူရန် ချယ်လ်ဆီး သဘောတူညီမှုရရှိ
ချယ်လ်ဆီး အသင်းသည် ၎င်းတို့၏ ကွင်းလယ် အင်အားကို ဖြည့်တင်းရန်အတွက် မက်တဲလစ် ခါကစ်ဗ်အသင်းမှ တိုင်ဆန်ကို ခေါ်ယူမည်ဟု သိရှိရသည်။
အဆိုပါ ဘရာဇီးလ် ကစားသမားကို ဒီဇင်ဘာ လဆန်းကတည်းက ချယ်လ်ဆီးက ဆက်သွယ်နေခဲ့ပြီး ယခုအခါ သဘောတူညီမှု ရရှိထားပြီဟု သတင်းများက ဆိုသည်။ အသက်(၂၄)နှစ်ရှိ ကွင်းလယ် တိုက်စစ်သမားသည် လွန်ခဲ့သည့် (၂)နှစ်ခွဲက အင်တာနေစီယွန်နယ်လ် အသင်းကို စွန့်ခွာကာ ယူကရိန်း အဆင့်မြင့်တန်း ကလပ်သို့ ကူးပြောင်းလာခဲ့သည်။ ချယ်လ်ဆီးသည် ဝါရင့် ကစားသမားကြီး ဖရန့်ခ်လမ်းပတ် နေရာတွင် ရေရှည် အစားထိုးရန်အတွက် ငယ်ဂုဏ်ရော၊ ကစားအားပါ ပြည့်ဝသည့် တိုင်ဆန်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
တိုင်ဆန်သည် ဇန်နဝါရီ လဆန်းက မိမိသည် ချယ်လ်ဆီးနှင့် စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ တိုင်ဆန်သည် အနောက်လန်ဒန် အရပ်သို့ အလည်အပတ်လည်း ရောက်ရှိခဲ့သေးသည်။ မက်တဲလစ် အသင်းသည် ၎င်းတို့၏ ကစားသမားကို လက်မလွှတ်လိုသည့်တိုင် ချယ်လ်ဆီးဘက်မှ ကမ်းလှမ်းလာသော ပြောင်းရွှေ့ကြေးကို ငြင်းဆန်ရန် အင်အား မရှိခဲ့ဟု သိရသည်။ ချယ်လ်ဆီးသည် နယူးကာဆယ်လ် ယူနိုက်တက်မှ ဒမ်ဘာဘားကို ဝယ်ယူပြီးနောက် ဇန်နဝါရီတွင် ဒုတိယမြောက် အဓိက အားဖြည့်မှုအဖြစ် တိုင်ဆန်ကို ကြိုးစားနေခြင်း ဖြစ်သည်။
Ref: Sky Sports
soccer myanmar

No comments:
Post a Comment