Friday, January 18, 2013

ရှနိုက်ဒါဘက်မှ လုပ်ခ လျှော့ယူပါက လီဗာပူးလ် စာချုပ်ရန် အသင့်ရှိနေ


ဝက်စ်လေ ရှနိုက်ဒါ အနေဖြင့် လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် အခွင့်အရေး ရှိနေသော်လည်း ၎င်း၏ လုပ်ခ လစာကို လျှော့ချရန် လိုအပ်ကြောင်း အင်္ဂလန် ကလပ်ဘက်မှ သတိပေးလိုက်သည်။
အင်တာမီလန် အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသော နယ်သာလန် လက်ရွေးစင် ကွင်းလယ် ကစားသမား၏ လုပ်ခလစာကို တစ်ပတ်လျှင် ပေါင်စတာလင် (၁၀၀၀၀၀) ဝန်းကျင်ထိ လျှော့ချမှသာ လီဗာပူးလ်ဘက်မှ ၎င်းကို ချဉ်းကပ်ဖွယ် ရှိနေကြောင်း သိရှိရသည်။ အီတလီ စီးရီးအေတွင် လုပ်ခ အများဆုံး ကစားသမား တစ်ဦးအဖြစ် ရပ်တည်နေသော ရှနိုက်ဒါသည် တစ်ပတ်လျှင် ပေါင်စတာလင် (၂၀၀၀၀၀) ဝန်းကျင်ထိ ခံစားခွင့် ရှိနေသူလည်း ဖြစ်သည်။ ယင်းအချက်သည် လီဗာပူးလ်က ၎င်းကို ခေါ်ယူရေး ကြိုးပမ်းမှုတွင် အဓိက အကျဆုံး အဟန့်အားတစ်ခုသဖွယ် ရှိနေသည်။
ဂါလာတာဆာရေး အသင်းသည် ရှနိုက်ဒါအား တစ်နှစ်လုပ်ခ ပေါင်စတာလင် (၆.၃)သန်းထိ ပေးချေရန် သဘောတူညီခဲ့သော်လည်း ကစားသမား ကိုယ်တိုင်ကမူ ပရီးမီးယားလိဂ်တွင် သွားကစားရန်သာ ပိုမို အားသန်နေသည်။ တူရကီကလပ် အသင်းသည် ရှနိုက်ဒါအတွက် ပြောင်းရွှေ့ကြေးတစ်ရပ်ကိုလည်း အင်တာနှင့် သဘောတူညီမှု ရရှိထားသည်။ လီဗာပူးလ်ကမူ ၎င်းတို့၏ လုပ်ခလစာ အစီအစဉ်ကို ပြန်လည် ထိန်းညှိ ကန့်သတ်နေရာ လုပ်ခလစာ အမြောက်အမြား ပေးချေရမည့် ရွေးချယ်မှုမျိုးမှ ရှောင်ဖယ်ရန် ဆုံးဖြတ်ထားသည်။
ရှနိုက်ဒါကမူ "ကျွန်တော့် လက်ရှိ ရွေးချယ်မှုမှာ ငွေကြေးက အဓိက မေးခွန်း မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော် ဘာကိုမှ အလောတကြီး မဆုံးဖြတ်ပါဘူး။ ကျွန်တော့် အခြေအနေဟာ တစ်ခုခုကို ရွေးချယ်ဖို့ အတင်းအကျပ် ဖိအားတွေ ရှိနေတယ်လို့ မထင်သလို ဒါဟာ ဘဝအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်မျိုး ချရမယ့် ကာလပါ။ အချိန်တိုလေး အတွင်းမှာ မရွေးချယ်လိုက်ချင်ဘူး"ဟုသာ ပြောကြားထားသည်။
Ref: The Sun
soccer myanmar

No comments:

Post a Comment