Tuesday, January 29, 2013

သြစီ ကုန်သွယ်ရေးရုံး ရန်ကုန်မှာလာဖွင့်တော့မယ်


သြစတေးလျနိုင်ငံရဲ့ သံတမန်မူဝါဒ အသစ်ရဲ့ တစိပ်တပိုင်းအဖြစ် မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု ဆက်ဆံ 
ရေးတည်ဆောက်မှု အဖြစ် သြစီကုန်သွယ်ရေး (Austrade) ရုံးခန်းကို မြန်မာ့စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ 
ဒါဟာ ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြမယ့် သြစီ ကုမ္ပဏီတွေကို အကူအညီတွေ ပေးဖို့ အခုလို Austrade မြန်မာ ရုံးခွဲ ဖွင့်လှစ်တာဖြစ်ပါတယ်လို့ CBS သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

သြစီ အစိုးရရဲ့ ကုန်သွယ်ရေး မြန်မာရုံးခွဲမှာ ကုန်သွယ်ရေး ကော်မရှင်နာ တဦးနဲ့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတတက်ရေး မန်နေဂျာတွေက ရုံးထိုင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နေ့၊ ဘယ်ရက်မှာ လာရောက် ရုံးဖွင့်ကြမယ်ဆိုတာတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

ဒါဟာ သြစီရဲ့ မြန်မာဆိုင်ရာမူဝါဒသစ်လည်းဖြစ်ပြီး နှစ်ပေါင်းများစွာ အထီးကျန် နိုင်ငံအဖြစ်နဲ့ စစ်အုပ် ချုပ်ရေးအောက် ဆယ်စုနှစ်များစွာ နေခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းဆီကို သွားရာမှာ သြစီ-မြန်မာ ဆက်ဆံရေးနောက်ဆုံးခြေလှမ်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတဲ့အတွက် ယမန်နှစ်ကဘဲ လေဘာ ပါတီ အစိုးရက ဘဏ္ဍာရေးနဲ့ ခရီးသွားလာမှု ဆိုင်ရာ ပိတ်ဆို့ အရေးယူထားတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေး ခဲ့ပြီး နောက်ပိုင်း အခုလို ဆက်ဆံ ရေး တိုးမြင့်မှုတွေ ဖြစ်ပေါ်လာတာပါ။ 
irrawaddy blog

No comments:

Post a Comment