Tuesday, January 8, 2013

ဆီးရီးယား၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ စစ်သွေးကြွများအား စစ်တပ်ကချေမှုန်း


ဆီးရီးယားနိုင်ငံတွင် အစိုးရစစ်တပ်၏ နိုင်ငံအနှံ့စစ်ဆင်ရေးများအတွင်း နိုင်ငံခြား ကျောထောက်နောက်ခံပြု စစ်သွေးကြွ အများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း ပရက်စ်တီဗွီတွင် ဇန်နဝါရီ ၇ ရက်က ဖော်ပြသည်။ ဒမတ်စကတ်မြို့တော် အနောက်တောင်ဘက် ငါးမိုင်အကွာ ဒါရာဟာမြို့အနီး ဆီးရီးယား တပ်ဖွဲ့ဝင်များနှင့် စစ်သွေးကြွများ ဇန်နဝါရီ ၆ ရက်က ရင်ဆိုင်တိုက်ပွဲအတွင်း စစ်သွေးကြွတချို့ ချေမှုန်းခံရသည်ဟု ဆာနာ သတင်းအေဂျင်စီက ထုတ်ပြန်သည်။ အဆိုပါ ဒါရာဟာမြို့အနီး ကိုအာနှစ်ရှ်မြို့အတွင်း ဆီးရီးယားစစ်တပ်က လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ကြောင်း၊ ကီလိုဂရမ် ၃ဝ ရှိ ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း သတင်း၌ဖော်ပြသည်။ မြို့တော် အရှေ့မြောက်ဘက် ၁ဝ ကီလိုမီတာ အကွာရှိ ဒွမ်ဟာမြို့တွင်လည်း နှစ်ဖက် တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲတွင် သေဆုံးသူ ဒါဇင်ပေါင်းများစွာ ရှိခဲ့သည်။ အယ်လ်နက်စ် မြို့တွင်း၌လည်း ဆီးရီးယားတပ်များနှင့် စစ်သွေးကြွတို့ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများတွင် စစ်သွေးကြွ ဒါဇင်ချီပြီး သေဆုံးကြောင်း သိရသည်။ ရန်သူများဘက်မှ လောင်ချာများနှင့် စက်သေနတ်များ အပါအဝင် လက်နက်ခဲယမ်း မျိုးစုံကိုလည်း ဆီးရီးယား စစ်တပ်က လက်ရ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။
khitlunge

No comments:

Post a Comment