Tuesday, January 1, 2013

တရုတ်ငါးဖမ်းစက်လှေ ဂျပန်ကမ်းခြေစောင့် ဖမ်းဆီး


တရုတ်ငါးဖမ်းစက်လှေ တစ်စင်းကို ဂျပန် ကမ်းခြေစောင့်တပ်က ယင်းတို့၏ ရေပိုင်နက်အတွင်း ဝင်ရောက် ငါးဖမ်းသည်ဟု ဆိုကာ ဖမ်းဆီးလိုက်ကြောင်း တရုတ် တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ စက်လှေကို ဒီဇင်ဘာ ၂၉ ရက်က ဂျပန်ကိုဂိုရှီးမားစီရင်စု အနီး၌ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံ ဖူကူအိုကာရှိ တရုတ်ကောင်စစ်ဝန် ရုံး၏ ပြောကြားချက်ကို ကိုးကားလျက် ဆင်ဟွာ သတင်း အေဂျင်စီက သတင်းဖော်ပြသည်။ ၄င်းစက်လှေ ကပ္ပတိန်က ဂျပန်ရေပိုင်နက်အတွင်း ဝင်ရောက်မိကြောင်း ဝန်ခံ ပြောကြားခဲ့သည်။
khitlunge

No comments:

Post a Comment