Wednesday, January 30, 2013

သြစတြေးလျရေကြီးမှု လူရာပေါင်းများစွာ သောင်တင်နေ


သြစတြေးလျနိုင်ငံ ကွင်းစလင်းပြည်နယ် ဘန်ဒါဘတ်တွင် ရေကြီးနေသဖြင့် သောင်တင်နေကြ သူများထံသို့ ရောက်ရှိရန် ရဟတ်ယာဉ်ပေါ်မှ ကယ်ဆယ်ရေး သမားများက ကြိုးစားလျက်ရှိကြောင်း ဇန်နဝါရီ ၂၈ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ဘားနက်မြစ် ကျိုးပေါက်သွားပြီးနောက် ရေစီးကြောင်းတွင် အိမ်များ မျောပါသွားနိုင်ရာ အိမ်ခေါင်မိုးများပေါ်၌ သောင်တင်နေကြသူများအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသဖြင့် ကွင်းစလင်းတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ကာ လူသုံးဦး သေဆုံးခဲ့သည်။ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီလတ်က သေဆုံးကြသူများ၏ မိသားစုများထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းနှင့် ၂ဝ၁၁ ခုနှစ် စောစောပိုင်း ကာလအတွင်း ယခုရေကြီးမှုသည် အဆိုးရွားဆုံးဖြစ်ကြောင်း ကွင်းစလင်းပြည်နယ် တစ်ခွင်လုံးတွင် သေဆုံးသူ ၃၅ ဦး ရှိပြီဖြစ်ကြောင်း ဘန်ဒါဘတ် မြို့တော်ဝန် မောဖိုပင်က ပြောကြားသည်။ ဘန်ဒါဘတ်ရှိဘားနက် မြစ်ရေသည် ၇ ဒသမ ၉၂ မီတာမှ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မြစ်ရေသည် ၉ ဒသမ၂ မီတာအထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment