Friday, January 18, 2013

ကမ္ဘာ့ အလှ ဆုံး အိမ် - Dumber Villa


အမေရိက အလယ်ပိုင်း ဟွန်းဒါးရက်စ်နိုင်ငံ မြောက်ပိုင်း Guanaja ကျွန်း အနီးမှာ ရှိတဲ့ အိမ်တစ်လုံး ဖြစ်ပါတယ်။

ရေလယ်ခေါင်က ကျွန်းငယ်ငယ်လေးပေါ်မှာ တည်ဆောက်ထားပြီး ၁၉၉၃ ခုနှစ်ကတည်းက တည်ရှိခဲ့တာ ဖြစ်ပါ တယ်။ ခေတ်အဆက် ဆက် ပြန်လည် မွမ်းမံ မှုများ ပြုလုပ်ပြီး ယခုဆိုရင် အနားယူ အပန်းဖြေစခန်း တစ်ခုအနေ နဲ့ ပြုလုပ် ပေးထားပါတယ်။ ၂၇ ဧက အကျယ်အဝန်းပေါ်မှာ တည်ဆောက်ပြီး ရေကူးကန်လည်းပါရှိပါတယ်။ တည်းစရာနေရာ၊ အိပ်ခန်း၊ ရေငုပ်ရန် နေရာ၊ မော်တော်ဘုတ်ဆိပ် အစရှိသဖြင့် စုံစုံလင်လင် ပါရှိပါတယ်။

ဟွန်းဒါးရက်စ်နိုင်ငံ DUNBAR VILLA Dumber Villa လို့ အမည်ပေးထားပြီး ၂၀၁၁ ခုနှစ်က ကမ္ဘာ့အလှဆုံး အိမ်အဖြစ် သတ်မှတ်ခဲ့ကြကြောင်း သိရပါ တယ်။

From : House.com.mm

No comments:

Post a Comment