Wednesday, January 23, 2013

KIAအကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး

ဖားကန့်မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံဘုန်းတော် ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝံသာရ၊သက်တော်၄၆နှစ်အား ဇန်နဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် KIAတပ်မဟာ (၁) ၊ တပ်ရင်း (၃)က ဗိုလ်ကြီး အဆင့်ရှိဘရန်နူးဦးစီး အင်အား၂၈ယောက်က ဆရာတော်အား အစိုးရတပ်သတင်းပေးဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွား ခဲ့ကြောင်း အဆိုပါကျောင်းမှ ဦးဇင်းရှင်ခေမာသက ပြောသည်။ ဦးဇင်းက"ဦးဇင်းတို့ ကဆွမ်းစားပြီးလို့ ကျိန်းမလို့ ရှိတုန်းအော်သံကြားလို့ ထွက်ကြည့်တာလေ..ကျောင်းထဲကို

သူတို့  အုပ်စုလိုက် ပြေးဝင် လာပြီး ကျောင်းပေါ်မှာကျိန်းနေတဲ့ ဆရာတော်ကြီးကို သူပုန် ၃ယောက် ကဒရွတ်တိုက်ဆွဲခေါ်သွားတာ ...ဦးဇင်းတို က ဒကာကြီး တို့ မှား လိမ့်မယ်....မလုပ်ပါနဲ့ လို့ တောင်းပန် တာကို သူတို့ က သေချင်လို့ လား ဆိုပြီး ပြောပြောဆိုဆို သေနတ်နဲ့ ဦးဇင်းတို့ ကို သူပုန်တစ်ယောက်က ချိန်ထားတာ... ဒါနဲ့ ဦးဇင်းလည်း ဘာမှမပြောတော့ဘူး..ဆရာတော်ကြီးကို ဦးဇင်းတို့  ကျောင်းကကို ရင်တွေနဲ့ ဦးဇင်းတို့ ကန်တော့ လိုက်သေးတယ် ... သူပုန်တွေက မြန်မာ့မျိုးချစ်တပ်မတော်ကို သူတို့ သတင်းတွေ ပေးတယ်ဆိုပြီး လာဖမ်း တာ"ဟုပြောသည်။ရတနာစံဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်ကြီး အပါအဝင် ဦးဇင်း၃ပါး၊ကိုရင် ၇ပါး ရှိပြီး ဆိုင်းဂျာဘွမ်ရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများ အဓိကကိုးကွယ်ကာရက်ကြီးခါကြီးနေ့ များတွင် ၄င်းကျောင်းတွင် ဥပုပ်သီလ စောင့်ကြသည်။
Kachin Daily News

No comments:

Post a Comment