Tuesday, January 8, 2013
Kirin ဘီယာ မြန်မာပြည် ၀င်ဖို့ စဉ်းစားနေ
အာရှတိုက်မှာ အကြီးဆုံး ဘီယာ ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Kirin Holdings ကုမ္ပဏီဟာ မြန်မာနိုင်ငံက ဘီယာဈေးကွက်တွင်း ၀င်ရောက် ဖို့ စဉ်းစားနေပါပြီ။ကနဦးအနေနဲ့ သူ့ရဲ့ အဓိက အိချိဘန် ရှိဘိုရိ(Ichiban Shibori) ဆိုတဲ့ ဘီယာတံဆိပ်ကို ဖြန့်ချီမယ်လို့ ဆိုပါ တယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လုပ်လာတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကြီးထွားလာတာနဲ့အမျှ ဘီယာသောက် သုံး သူတွေလည်းကျယ်ပြန့်လာမယ်လို့မျှော်လင့်တာကြောင့် Kirin ဘီယာဟာ မြန်မာနိုင်ငံ မှာ ဦး စားပေး ဈေးကွက် တခုအနေနဲ့ ရှု့မြင်တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး The Daily Yomiuri ဂျပန်သတင်းစာတစောင်က ဖော်ပြထားပါတယ်။
Kirin ဘီယာ ကုမ္ပဏီဟာ ၂၀၀၉ ခုနှစ်က ဖိလစ်ပိုင် ဘီယာဈေးကွက်ကို ၀င်ရောက်ခဲ့သလို ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တွေကိုလည်း အောင်မြင်စွာဈေးကွက်ထိုးဖောက်နိုင်ခဲ့တာပါ။
Kirin ကုမ္ပဏီက မြန်မာနိုင်ငံက ဘီယာဈေးကွက်မှာ အောင်မြင်မယ်လို့မျှော်လင့်ထားပါတယ်။ Kirin ဘီယာဟာ နိုင်ငံတကာမှာလည်း နာမည်ကြီးတဲ့ တံဆိပ်ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။
အိမ့်သံစဉ်
ဧရာဝတီ

No comments:
Post a Comment