Wednesday, January 2, 2013

ထိုင်းနိုင်ငံ New Year ပါတီပွဲ တစ်ခုတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေနတ်ပစ်ခတ်ခံရ


ထိုင်းနိုင်ငံတောင်ပိုင်းရှိ Phangan အပန်းဖြေကျွန်း ကမ်းခြေတွင်ပြုလုပ်သော New Year ပါတီပွဲတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦးသေနတ်ပစ်ခတ်မှု ထိမှန်ခံရပြီး သေဆုံးသွားကြောင်း သိရှိရ သည်။ အသက် ၂၂ နှစ်အရွယ် စတီဖင် အက်ရှ်တန်မှာ ကမ်းခြေ New Year ပါတီတွင် ဖြစ်ပွားခဲ့သော ထိုင်းလူမျိုး ဂိုဏ်နှစ်ဂိုဏ်ကြား တိုက်ခိုက်မှုဖြစ်ပွားစဉ် သေနတ်ဖြင့် ပစ်ခတ်ရာမှ ၎င်းအား မတော် တဆ ထိမှန် ကာသေဆုံးခဲ့ခြင်းဖြစ်သည်။
သေနတ်သမားမှာ အခြားဂိုဏ်းမှ အဖွဲ့ဝင်များကို ရည်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်သော်လည်း အက်ရှ်တန်အား ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က AFP သို့ ပြောကြားသည်။

Planet Myanmar Network

No comments:

Post a Comment