Tuesday, January 8, 2013

QPRအတွက် လူအင်အားဖြည့်တင်းရန် ကမ္ဘာပတ်နေသည့် မန်နေဂျာ ရက်နပ်


အသင်း၏ လူအင်အားကို ဖြည့်တင်းရန်အတွက် QPRအသင်း မန်နေဂျာ ဟယ်ရီရက်နပ်တစ်ယောက် ကမ္ဘာပတ်ပြီး ခရီးထွက်နေကြောင်း သိရသည်။

ရက်နပ်သည် လတ်တလောတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကြမ်းပြင်၌ ကပ်နေသော လန်ဒန်ကလပ်ကို ဆွဲတင်ရန် ကြိုးပမ်းနေရသည်။ QPRသည် ပရီးမီးယားလိဂ်တွင် (၂)ပွဲသာ အနိုင်ရထားပြီး လက်ရှိ အနေအထားအရ တန်းဆင်းဇုန်မှ လွတ်မြောက်ရန် (၅)မှတ်အကွာ အခြေအနေတွင် ရှိနေသည်။ QPRသည် နောက်ဆုံး ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် စတမ်းဖို့ဒ်ဘရစ်ဂ်ျ၌ ချယ်လ်ဆီးကို ခက်ခက်ခဲခဲ အနိုင်ကစားပြခဲ့သည်။ ရက်နပ်သည် လက်ရှိလူအင်အားကို ပိုမိုကောင်းမွန်အောင် အားမဖြည့်နိုင်ပါက QPR၏ ရှင်သန်မှုသည် ဆိုးရွားသွားနိုင်ကြောင်း ယုံကြည်နေသည်။
"နောက်တစ်ပွဲမှာ ဘယ်လို ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမလဲ ဆိုတာကိုပဲ အာရုံစိုက်နေပါမယ်။ ဘယ်သူဖြစ်ဖြစ်၊ ဘယ်အသင်း ဖြစ်ဖြစ် ဆိုပါတော့။ အမှတ်ပေးပြိုင်ပွဲမှာ အမှတ်တွေ ရသလောက် ယူဖို့ ကြိုးစားရပါမယ်။ ခုလောလောဆယ်မှာ ကျွန်တော်က ကမ္ဘာပတ်ပြီး အသင်းအတွက် လိုအပ်မယ့် ကစားသမားသစ် တစ်ယောက်၊ နှစ်ယောက်လောက် ဝယ်ဖို့ ကြိုးစားနေပါတယ်။ ဒီအချက်က အဓိကကျပါတယ်။ ကျွန်တော်တို့မှာ ပိုတိုးတက်လာမယ့် လူစာရင်းမျိုး လိုအပ်နေပါပြီ။ ဒီအတွက် လိုတဲ့အရာ အားလုံး လုပ်နိုင်သမျှ ကျွန်တော်တို့ လုပ်ဆောင်မှာပါ"ဟု ရက်နပ်က ပြောဆိုသွားသည်။

လတ်တလောတွင် ရက်နပ်သည် ပြင်သစ်လီဂူးမှ ကစားသမားများကို ချိန်ရွယ်နေပြီး အိုလံပစ်မာဆေးလ် တိုက်စစ်မှူး လွိုက်ရိုင်မီနှင့် ရိန်းစ်အသင်းမှ ကွင်းလယ်ခံစစ် ကစားသမား ယန်းမားဗီးလားတို့အား ချိတ်ဆက်လျှက်ရှိသည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment