Saturday, January 19, 2013

Sundance ရုပ်ရှင်ပွဲတော် စတင်

Park City, Utah ပြည်နယ်က Sundance ရုပ်ရှင်ပွဲတော် (ဇန်နဝါရီ ၁၇၊ ၂၀၁၃)

နိုင်ငံပေါင်း ၃၂နိုင်ငံက ရုပ်ရှင်ဇာတ်ကား ၁၁၉ကား ပြိုင်ပွဲဝင်တဲ့ နှစ်စဉ်ကျင်းပနေတဲ့ Sundance ရုပ်ရှင်ပွဲတော်ကို အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်၊ Park မြို့မှာ မနေ့က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဆောင်းရာသီမှာ နှင်းလျှောစီးသမားတွေ သွားရောက်တဲ့ Parkမြို့ဟာ ဟောလိဝုဒ်ရဲ့ ဆောင်းရာသီ အပန်းဖြေခရီးထွက်ရာ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

သက်တမ်း ၃၅နှစ်ရှိပြီဖြစ်တဲ့ Sundance ပွဲတော်ကို တကိုယ်တော် သီးခြားလွတ်လပ်တဲ့ ရုပ်ရှင်သမားတွေရဲ့ အနုပညာကို ထုတ်ဖော်အားပေးနိုင်ဖို့အတွက် ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာ Robert Redfordက စတင်ကျင်းပခဲ့တာပါ။ နောက်ပိုင်းမှာ စားရိတ်ကျဉ်းကျဉ်းနဲ့ ရိုက်ကူးထားတဲ့ ပြိုင်ပွဲဝင် ရုပ်ရှင်ကားတွေက အော်စကာ အကယ်ဒမီလို ရုပ်ရှင်ထူးချွန်ဆုတွေ ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်လာခဲ့တာကြောင့် Sundance ရုပ်ရှင်ပွဲတော်ဟာ ကမ္ဘာမှာ အထင်ရှားဆုံး ရုပ်ရှင်ပွဲတော်တွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ 
VOA

No comments:

Post a Comment