Tuesday, February 26, 2013

မြွေကောင်ရေ ငါးထောင်နီးပါး တရုတ်မြန်မာနယ်စပ်မှာ ဖမ်းမိ


မြွေအရှင် ၄၈၁၅ ကောင်ထည့်ထားတဲ့ သေတ္တာ အလုံး၂ဝဝနီးပါးကိုတရုတ်မြန်မာနယ်စပ် ရွှေလီမြို့နားမှာ   ဖမ်းမိကြောင်း တရုတ်အာဏာပိုင်တို့က ပြောပါတယ်။
သောကြာနေ့မနက် ၄းဝဝ နာရီ ဝန်းကျင်မှာ ဖမ်းမိတယ်၊ မြွေတွေရဲ့ စုစုပေါင်းအလေးချိန်က လေးတန်နီးပါး ရှိပါတယ် တဲ့။

မြွေဟောက်၊ မြွေပွေး၊ လင်းမြွေ အမျိုးအစားတွေပါ။

လင်းမြွေ ၂,၂၆၄ ကောင်
မြွေဟောက် ၂၃ဝ
မြွေပွေး ၂,၃၂၁ ကောင်

မျိုးသုဉ်းမယ့်အန္တရာယ်ကျရောက်နေတဲ့မြွေအမျိုးအစားဆိုရင် ရောင်းချတာ၊ သယ်ယူပို့ဆောင်တာမျိုးက တရုတ်ပြည်မှာ တရားမ၀င်ပါဘူး။ (ရှားပါးမြွေမဟုတ်ရင် ရောင်းလို့ရ၊ သယ်/ပို့လို့ရဟန်တူပါတယ်)

တရုတ်နိုင်ငံမှာ မြွေသားဟင်းက ပေါ်ပြူလာဖြစ်ပါတယ်။ မြွေမွေးမြူရေးလုပ်ငန်းကလည်း အတော် ဟန်ကျမယ့် စီးပွားရေးဖြစ်ပါလိမ့်မယ်။
မြွေတွေထဲကတချို့ကို တောထဲသွားလွှတ်မယ်လို့သိရကြောင်းတရုတ်နိုင်ငံသတင်းဌာနတခုက ရေးပါတယ်။

မြွေ ၄ တန်အမှုမှာလူတယောက်ကိုထိန်းသိမ်းထားတယ်လို့ဆိုတယ်။ မြွေကားမောင်းသူဖြစ်ဟန်တူပါတယ်။

irrawaddy

No comments:

Post a Comment