Friday, February 22, 2013

မန်ယူ အမှုဆောင်ချုပ် ရာထူးမှ နုတ်ထွက်မည့် ဂီးလ်ကို ဖာဂူဆန် ဂုဏ်ပြုစကားဆို


မန်ချက်စတာယူနိုက်တက်အမှုဆောင်ချုပ်ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာခဲ့သည့် ဒေးဗစ်ဂီးလ်ကို လေး
စားဂုဏ်ပြုကြောင်း အသင်းမန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။
မိမိနှင့် အမြင်မတူ အငြင်းပွားမှု အကြိမ်ပေါင်း တစ်သန်းမျှ ရှိခဲ့သည့်တိုင် ဂီးလ်ကို မိမိ အလွန်လေးစားကြောင်းနှင့် မန်ယူအသင်းမှ ၎င်းထွက်ခွာမှုသည် မိမိအတွက်လည်း ဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း ဖာဂူဆန်က ဆိုသည်။ (၁၉၉၇)ခုနှစ်က ဘဏ္ဍာရေး ဒါရိုက်တာအဖြစ် မန်ယူသို့ စတင် ရောက်ရှိလာသော ဂီးလ်သည် (၂၀၀၃)ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ အသင်း၏ အမှုဆောင်ချုပ် ဖြစ်လာခဲ့သည်။ ၎င်းသည် ဘောလုံးရာသီကုန် ဇွန်လ (၃၀)ရက်နေ့တွင် ရာထူးမှ နုတ်ထွက်မည် ဖြစ်သည်။ သို့သော်လည်း ဂီးလ်သည် မန်ယူ၏ ဒါရိုက်တာ တစ်ဦးအဖြစ်မူ ဆက်ရှိနေမည်ဟု အသင်းက အတည်ပြုခဲ့သည်။
ဖာဂူဆန်က "ဂီးလ်ဟာ အရမ်းတော်တဲ့ အမှုဆောင်ချုပ် တစ်ယောက်ပါ။ သေချာပါတယ်။ ကျွန်တော်တို့ကြားမှာ အငြင်းပွားစရာ တစ်သန်းလောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီလို အခြေအတင် ဆွေးနွေးရတာမျိုးကို ကျွန်တော် အမြဲတမ်း သဘောကျတယ်။ ဂီးလ်မှာ အရမ်းကောင်းတဲ့ အရည်အသွေး နှစ်ခုရှိတာကို ကျွန်တော် ကြိုက်ပါတယ်။ သူဟာ ဖြောင့်မတ်တယ်။ ပြီးတော့ မန်ယူအတွက်ပဲ နံပါတ်(၁) ဦးစားပေး နေရာက စဉ်းစားတယ်လေ"ဟု ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော်နဲ့ သူနဲ့ကြားမှာ ပုဂ္ဂိုလ်ရေးကြောင့် အမြင်ကွဲတာတော့ ဘယ်တော့မျ မရှိပါဘူး။ သူဟာ မန်ယူကို အမြဲတမ်း အကောင်းဆုံးသာ ဖြစ်စေချင်တယ်။ ကစားသမားတွေ၊ လေ့ကျင့်ရေးကွင်း၊ ဝန်ထမ်းတွေရဲ့ ကိစ္စက အစ သူစိတ်ဝင်စားတယ်။ သူနုတ်ထွက်တာဟာ မန်ယူအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါ။ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာ ဘုတ်အဖွဲ့မှာ သူရှိနေတာ ကျွန်တော်တို့အတွက် တွန်းအားတစ်ရပ် ဖြစ်နေဦးမှာပါ" ဟုလည်း သုံးသပ် သွားခဲ့သည်။

ဆက်လက်၍ ဖာဂူဆန်က "တကယ်လို့ အမှုဆောင်ချုပ် ရာထူးမှာ သူဆက်ရှိအောင် ဆွဲဆောင်နိုင်တဲ့ နည်းလမ်းမျိုး ရှာတွေ့ရင် ကျွန်တော် ကြိုးစားမှာပါ။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို သူ့စိတ်တိုင်းကျ ချမှတ်ခဲ့တာလေ။ ဒါကို ကျွန်တော်တို့ လေးစားဖို့ လိုပါတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။  
soccer myanmar

No comments:

Post a Comment