Wednesday, February 27, 2013
“ရလာတဲ့အောင်မြင်မှုကို တည်တံ့အောင် ထိန်းသိမ်းထားတယ်ဆိုသူ အိမ့်ချစ်”
ဂီတလောကမှာ ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန်နဲ့ သီဆိုတတ်ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိ ထားသူကတော့ အဆိုတော်ကြီးချစ် ကောင်းရဲ့ သမီးအိမ့်ချစ်ပဲဖြစ်ပါ တယ်။ ဂီတလောကမှာ ကိုယ်ပိုင်နာ မည်တစ်ခုရဖို့ဆိုတာ အခက်အခဲ တွေတစ်ခုချင်းစီပြောပြရင် မိုးလင်း မိုးချုပ်သွားမယ်လို့ ပြောတဲ့ အိမ့်ချစ် ကို ဂီတလမ်းကြောင်းပေါ်မှာ ကြိုး စားခဲ့ရတဲ့အတွေ့အကြုံကိုမေးကြည့် တဲ့အခါမှာ အိမ့်ချစ်က “ကြိုးစားမှ ရတာပါ။ ဘယ်အရာမဆိုပေါ့။ အခုဒီလိုအဆိုတော် တစ်ယောက်ဖြစ်ဖို့ အတွက် ကြုံတွေ့တဲ့ အခက် အခဲတွေပြောပြရန် မနက်မိုးလင်းကနေ ညမိုးချုပ်သွားလိမ့်မယ်။ ကိုယ်က အသက်ငယ်ငယ်လေးနဲ့ လုပ်လာတယ်ဆိုတော့ အခက်အခဲ ကြုံတွေ့ရတာပေါ့။ အများကြီးပဲ ပြောပြလို့မရတဲ့ အခက်အခဲဆိုတာဟာလည်း ရှိတယ်။ အနုပညာရှင်တွေပဲ သိတယ်လေ။ အိမ့်ချစ်ဖေဖေရော၊မေမေရော အိမ့်ချစ်ကို ကူညီပံ့ပိုးတယ်။ ကိုယ် ကိုယ်တိုင် လည်း ကြိုးစားမှုပါတယ်။ ဒါကြောင့် အိမ့်ချစ်ဆိုတာ ဖြစ်လာတာပါ”လို့ ပြောပြပါတယ်။ အနုပညာသမားတိုင်းက အောင်မြင်မှု တစ်ခုခုရဖို့အတွက် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ အားသွန်ခွန်စိုက် ကြိုးစားပြီးရလာတဲ့ နေရာတစ်ခုကိုလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ဆိုတာ မလွယ်ကူလှကြောင်းကို “ကြိုးစားခြင်း ဆိုတာ အနုပညာသမားတိုင်း လုပ်ရမယ့်အလုပ်ပဲ။ မအောင်မြင်ခင် အောင်မြင်မှုတစ်ခုရဖို့ကြိုးစားရတယ်။ အောင်မြင်မှု တစ်ခုရပြီးရင်လည်း အဲဒီအောင်မြင်မှုကို အဓွန့်ရှည် တည်တံ့အောင် ဆက်လက်ထိန်းသိမ်းရမယ်။ သိထားသမျှ၊ တတ်ထားသမျှ နည်းလမ်းအကုန်နဲ့ ထိန်းသိမ်းထားရမယ်။ ဂီတဟာ အိမ့်ချစ်ဘဝပါ။ အိမ့်ချစ်ဂီတကို ချစ်တယ်။ မြတ်နိုးတယ်”လို့ အိမ့်ချစ်က ပြောပြခဲ့ပါတယ်။ ပထမတစ်ကိုယ်တော်ခွေမှာ ခန့်မှန်းတာထက် အိမ့်ချစ်ကို ပိုအားပေးလို့ အတိုင်းမသိဝမ်းသာကြောင်း၊ အခုအိမ့်ချစ်ရဲ့ ဒုတိယ ခြေလှမ်း တစ်ကိုယ်တော်အခွေစပြီး စီစဉ်နေကြောင်း သိရပါတယ်။
ထူးထူး
Popular Journal

No comments:
Post a Comment