Saturday, February 23, 2013

အမေရိကန် ပြည်ထောင်စုတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျ


အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာ ပြည်နယ် အရှေ့ပိုင်းရှိ သြဂတ်စတာမြို့ အနောက်ဘက်မှ ကီလိုမီတာ ၅၀ ခန့် ကွာဝေးသော နေရာရှိ သွမ်ဆွန်မက်ဒူဖီကောင်တီလေဆိပ်တွင် လေယာဉ်ငယ်တစ်စင်း ဆင်းသက်စဉ် ပျက်ကျကြောင်း၊ လူငါးဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲတွင် လေဆိပ်ပြေးလမ်းအဆုံးကို ကျော်လွန်၍ ပျက်ကျသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်ငယ်သည် လူခုနစ်ဦးကို တင်ဆောင်လာကြောင်း၊ ဒဏ်ရာ ရရှိသူနှစ်ဦးကို ဆေးရုံသို့ တင်ပို့ ကုသပေးလျက်ရှိကြောင်း၊ ၄င်းတို့ အခြေအနေကို မသိရသေးကြောင်း၊ သေဆုံးသွားသူ ငါးဦး၏ အမည်နာမကို ၄င်းတို့ မိသားစုများထံ အကြောင်းမကြားရသေး၍ ထုတ်ဖော်ပြောကြားမှု မပြုလုပ်သေးကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။ အဆိုပါ လေယာဉ်မှာ ဖော်ကာ ဘိခ်ျခရပ်ဖ် ၃၉၀/ပရီမီယာ အမျိုးအစားဖြစ်ကြောင်း မြို့ပြလေကြောင်း အုပ်ချုပ်ရေး ဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားသည်။ (ဆင်ဟွာ)
khitlunge

No comments:

Post a Comment