Friday, February 1, 2013
ဆီးရီးယားစစ်ဘက်ဆိုင်ရာ သုတေသနစခန်းကို အစ္စရေးလေတပ်က လေကြောင်းမှတိုက်ခိုက်
မိမိ၏ ပိုင်နက်နယ်မြေကို အစ္စရေးလေတပ် တိုက်လေယာဉ်များက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားကြည်းတပ်က ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။ အစ္စရေးလေတပ် ဂျက်တိုက်လေယာဉ်များသည် လက်ဘနွန်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်အနီးရှိ စစ်ဘက်ဆိုင်ရာ သုတေသနဌာန တစ်ခုကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယား ကြည်းတပ်က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။ အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ လက်ဘနွန်နိုင်ငံသို့ ပေးပို့မည့် လက်နက်များ တင်ဆောင်လာသော မော်တော်ယာဉ်တန်းတစ်ခုကို အစ္စရေးကလေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဆိုသော သတင်းမှာ မူမှန်ကန်ခြင်းမရှိကြောင်း ဆီးရီးယားကြည်းတပ်က ပြောကြားသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အစ္စရေးစစ်ဘက်က ဝေဖန်ပြောကြားခြင်း မရှိပေ။
(ရိုက်တာ)
khitlunge

No comments:
Post a Comment