Friday, February 22, 2013

ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်း တိုက်ခတ်ခဲ့


ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင်အပူပိုင်းမုန်တိုင်းတစ်ခုတိုက်ခတ်ခဲ့မှုကြောင့်လူတစ်ဦး သေဆုံးခဲ့ရကြောင်း
 ဖေဖော်ဝါရီ ၁၉ ရက်က တာဝန်ရှိသူများ၏ ပြောကြားချက်ကို ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အပူချိန် မြင့်မားမှုကြောင့် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်ကာ မုန်တိုင်းဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းကာ ရုတ်တရက်လှိုင်းကြီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ မုန်တိုင်းအတွင်း၌ ကန်ပို့စ်တီလာဘာလီပြည်နယ် နယူးဘာတင်မြို့၌ လူတစ်ဦး သေဆုံးခဲ့သည်ဟု ၄င်းမြို့ရှိ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယင်းမုန်တိုင်း ဖြစ်ပေါ်ခဲ့မှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာမှ ရွာငါးရွာတွင် ဒူးဆစ်အထိ ရေမြုပ်ခဲ့သည်။ တောင်ပြိုကျမှုများလည်း ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံးယာမြေ ခြောက်ဟက်တာနှင့် နေအိမ် ၃၃ လုံး ပျက်စီးခဲ့ရသည်။ အသေအပျောက်နှင့် ထိခိုက်သူဦးရေ မများကြောင်း၊ တောင်ပြိုမှုများဖြစ်သဖြင့် မိသားစု ၃၃ စုကို ကယ်ဆယ်ထားရကြောင်း ဒါဘတ်ပြည်နယ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment