Tuesday, February 26, 2013
အမေရိကန် လေလံဈေးကွက် အတွင်း ရောက် ရှိနေသော ပုဂံကျောက်ဂူ ဥမင်ဘုရား မှ ဗုဒ္ဓဆင်း တုတော် အား အမျိုးသားပြတိုက်သို့ ပြန်လည်လွဲပြောင်းပေးအပ်
အမေရိကန် လေလံဈေးကွက် အတွင်းရောက်ရှိခဲ့သည့် ပုဂံကျောက်ဂူ ဥမင်ဘုရားမှ ဗုဒ္ဓဆင်းတုတော်အား Northern Illinois University (NIU) မှ Associate Professor ဒေါက်တာကတ်သရင်း ရေမွန်မှ အမျိုးသားပြ တိုက်သို့ ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ပုဂံမြို့ ကျောက်ဂူ ဥမင်ဘုရားမှ မတ်ရပ်ဗုဒ္ဓ ဆင်းတုတော် ပြန်လည် လွဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ညနေ ၄ နာရီက ရန်ကုန်မြို့ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသား ပြတိုက် အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ မတ်တပ်ရပ် ဗုဒ္ဓဆင်းတုတော်သည် ပုဂံမြို့ ကျောက်ဂူဥမင်ဘုရားမှ ၁၁ ရာစု သဲကျောက်မတ်ရပ် ဗုဒ္ဓဆင်းတုတော်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင်ခြေထောက်ဖြတ် ခိုးယူခြင်းခံရကာ အမေရိကန် လေလံဈေး ကွက်တွင်ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ဗုဒ္ဓဆင်းတုတော် အောက်ပိုင်းက ဒီနေ့မနက်မှ ပုဂံကနေ ရောက်တာပါ။အောက်ခြေပိုင်းကို ပုဂံမှာ ရှိတဲ့ ရှေးဟောင်းသုတေသန ဌာနမှာ ထားတာပါ။ အခုတော့ ဆင်းတုတော် နှစ်ပိုင်းလုံးကို အမျိုးသားပြ တိုက်၊ ခေတ်အဆက်ဆက် ဗုဒ္ဓဆင်းတုတော်များ ပြခန်းများ ပြသထားမှာ ဖြစ်ပါတယ်” ဟု အမျိုးသားပြ တိုက်မှ ညွှန်ကြားရေးမှူး ဦးသောင်းဝင်းက ပြောပါသည်။
NIU မှ Professor Cooler, ဒေါက်တာကတ်သရင်းရေမွန်၊ ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကိုဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်စွာမင်းနှင့် အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ ၁၉၇၀ ပြည့်နှစ် ယူနက်စကို သဘောတူညီမှုဘောင်အတွင်းမှ သံတမန် နည်းလမ်း အဆင့်ဆင့်ဖြင့် ကြိုးပမ်းမှုတို့ကြောင့်မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
EMG

No comments:
Post a Comment