Sunday, February 24, 2013

ဆား(ရ်)ဗိုင်းရပ်စ်ကဲ့သို့ရောဂါ ဗြိတိန်တွင် ဖြစ်ပွား


ဗြိတိန်နိုင်ငံတွင်လူနယ်တစ်ဦးဆား(ရ်)ဗိုင်းရပ်စ်ကဲ့သို့ သေစေနိုင်သောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ
သစ် ကူးစက်ခံရပြီး သေဆုံးသွားကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ၄င်းလူနာသည် ဘာမင်ဂမ်မြို့တွင်း အဲလိဇဘက်ဆေးရုံး၌ တက်ရောက် ဆေးကုသမှု ခံယူစဉ် ဖေဖော်ဝါရီ ၁၇ ရက် နံနက်က သေဆုံးခဲ့ကြောင်း ယင်းဆေးရုံက အတည်ပြု ပြောကြားသည်။ ယင်းရောဂါသည် ကမ္ဘာတစ်ဝန်း အနည်းဆုံး လူ ၁၂ ဦး ကူးစက်ခံရပြီး ခြောက်ဦးသေဆုံးသွားပြီဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် မိသားစု တစ်စုအတွင်း သုံးဦး ယင်းရောဂါ ကူးစက်ခံခဲ့ရသည်။ အခြားတစ်ဦးမှာ ကာတာနိုင်ငံမှ ပြန်လာပြီး ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ၄င်းရောဂါ ကူးစက်ခံရသူသည် နာဖျားပြီး ကျောက်ကပ် အလုပ်မလုပ်နိုင်ဘဲ ဖြစ်ရသည်ဟု ဆိုသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment