Saturday, February 23, 2013

အသဲစားဘုရင် အရောင်စုံ ပနားမား ဖားများ


အမေရိကတိုက် အလယ်ပိုင်း ကော်စတာရီကာနိုင်ငံနဲ့ ပနားမား တို့မှာသာ တွေ့ရတဲ့ ဖားများ ဖြစ်ပါတယ်။ အသဲစားဘုရင် လိုခေါ်ရတဲ့ အကြောင်းကလော့ အရောင်လှသလောက် ဒုက္ခ ကြီးကြီးပေး တတ်တဲ့ဖားများမို့လို့ ဖြစ်ပါတယ်။ Atelopus varius လို့ခေါ်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အရောင်အသွေးစုံပါတယ်။ မျိုးစိတ်ထပ်ကွဲပြိး အဝါရောင်၊အနက်ရောင်ရော၊ ခရမ်းရောင်၊နက်ရောင်ရော၊ ပန်းရောင်၊ စိမ်းရောင် အစရှိသဖြင့် အရောင်အသွေး စုံစုံလင်လင်ကို ရှိ ပါတယ်။ ဆေးခြယ်ထားတဲ့ အတိုင်းကို လှပတဲ့ဖားများ ဖြစ်ပါတယ်။ clow frog လို့လည်း ခေါ်ပါတယ်။

သို့ပေမယ့် ကမ္ဘာ့ အဆိပ်အပြင်းဆုံး ဖားစာရင်းထဲမှာပါပါတယ်။ သူ့အဆိပ်က အရည်အပြားထိလိုက်တာနဲ့ကို သက်ရောက်ပါတယ်။ သက်ရှိ တော်တော် များများ သေပါတယ်။ လူကိုလည်း စေတဲ့ ဖြေဆေးရှား ဖားဆိပ်တစ်မျိုး ပိုင်ဆိုင်ထားပါတယ်။ ဘယ်တိရစ္ဆာန်မှာ မထိရဲပါဘူး။ ဖားဘုရင်တစ်မျိုးပါပဲ။ ကမ္ဘာ့ရှားပါးမျိုးစိတ်ထဲမှာလည်း ပါဝင်တဲ့ ဖားများ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: http://en.wikipedia.org/wiki/Atelopus_varius
Yoyarlay

No comments:

Post a Comment