Saturday, February 23, 2013

ထိုင်းနိုင်ငံရှိ တက္ကသိုလ်များအနေဖြင့် ပညာရေး ကဏ္ဍတွင်သာမက မြန်မာနိုင်ငံ၏ အခြားလိုအပ်သော ကဏ္ဍများတွင်လည်း ဆောင်ရွက်ပေးလို


ထိုင်းနိုင်ငံရှိ Bansomdejchaopraya Rajabhat University (BSRU) သာမက အခြားတက္ကသိုလ်များအနေဖြင့် ပညာရေး ကဏ္ဍတွင်သာမက မြန်မာနိုင်ငံ၏ အခြားလိုအပ်သော ကဏ္ဍများတွင်လည်း ဆောင်ရွက်ပေးလိုကြောင်း

အဆိုပါတက္ကသိုလ်မှ President ကပြောကြားသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ Banso mdejchaopraya Rajabhat  University (BSRU) က စီမံခန့်ခွဲမှုနည်းပညာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခြင်းအခမ်းအနား မကျင်းပမီတွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတက (BSRU) တက္ကသိုလ် အနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် တက္ကသိုလ်များမှ ကျောင်းသားများ အပြန်အလှန် ပညာသင်ကြားခွင့်ရရှိရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ BSRU နှင့် ပူးပေါင်းဆောင်ရွက်မှုများကို လေ့လာကြည့်မည်ဆိုပါက BSRU နှင့် ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့အကြား နားလည်မှု စာချွန်လွှာတစ်ရပ်ကို ၂၀၁၀ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြောင်း BSRU မှကျောင်းသားများသည် ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်သို့ သုံးကြိမ် လာရောက်လေ့လာခဲ့သကဲ့သို့ ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ လေ့လာရေးအဖွဲ့များကလည်း BSRU သို့ နှစ်ကြိမ် သွားရောက်လေ့လာခဲ့သည်ကို တွေ့ရကြောင်း နိုင်ငံတော် သမ္မတက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခြင်းအခမ်းအနားတွင် ကျေးဇူးတင်စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ BSRU တက္ကသိုလ်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ရှိပြီး ၁၈၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအတွက် ဦးစားပေး သင်ကြားပို့ချပေးနေသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ထိုင်းနိုင်ငံ တော်ဝင်ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံရရှိ ခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံဘုရင်က Institute of Rajabhat အဆောင်အယောင်ကို အပ်နှင်းခဲ့သဖြင့် တော်ဝင်တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

Post a Comment