Thursday, February 21, 2013
သတင်းစာဆရာများအား သတ်ဖြတ်ခဲ့သူများကို အပြစ်ပေးနိုင်ရေး ဆိုမာလီအစိုးရ ဆုငွေဒေါ်လာ ၅၀၀၀၀ ထုတ်ပြန်
သတင်းစာဆရာများ သတ်ဖြတ်ခံခဲ့ရမှုများအတွက် တရားဥပဒေအရ ပြစ်ဒဏ် ချမှတ်နိုင်စေရန် သတင်းပေးနိုင်သူကို ဆုငွေ အမေရိကန်ဒေါ်လာ ၅ဝဝဝဝ ချီးမြှင့်မည်ဟု ဆိုမာလီ အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ယင်းသို့ ဆုငွေချီးမြှင့်ခြင်းသည် လူသတ်သမားများအား ဖော်ထုတ်ကာ တရားစီရင်နိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ဆိုမာလီဝန်ကြီးချုပ် အက်ဒီဖာရာရှီရာဒွန်က ပြောကြားသည်။ ဆိုမာလီနိုင်ငံသည် သတင်းသမားများအတွက် ကမ္ဘာပေါ်တွင် အန္တရာယ်အကြီးမားဆုံး နိုင်ငံဖြစ်ကြောင်း သတင်းစာဆရာများအား ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ပြောကြားခဲ့သည်။ ယမန်နှစ်အတွင်းက ဆိုမာလီတွင် သတင်းသမား ၁၈ ဦး သတ်ဖြတ်ခြင်းခံခဲ့ရပြီး သတ်ဖြတ်သူ တစ်စုံတစ်ဦးကိုမျှ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိကြောင်း၊ ယခုနှစ်အတွင်းတွင် သတင်းထောက်တစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း၊ ၂ဝဝ၇ ခုနှစ်မှစ၍ ယခုကာလအထိ သတ်ဖြတ်ခြင်းခံရ၍ သေဆုံးခဲ့သူ သတင်းစာဆရာဦးရေမှာ ၄၅ ဦး ရှိပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
(အေပီ)
khitlunge

No comments:
Post a Comment