Tuesday, February 26, 2013
ဒါးလက်စ်တိရစ္ဆာန်ရုံအတွင်းရှိ မိုးပျံရထားတစ်စင်း စက်ချွတ်ယွင်း ရပ်တန့်မှုဖြစ်
အမေရိကန်နိုင်ငံ ဒါးလက်စ်တိရစ္ဆာန်ရုံအတွင်းရှိ အပျော်စီး မိုးပျံရထားတစ်စင်းသည် ရုတ်တရတ် ရပ်တန့်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁ဝဝ ခန့်အား မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ပေးခဲ့ရသည်ဟု အေပီ သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။ ကယ်ဆယ်ဒါးလက်စ် မီးသတ်တပ်ဖွဲ့ဝင် ကယ်ဆယ်ရေး သမားတစ်ဦးဖြစ်သူ ဂျေဆင်အီဗန်က ခရီးသည်များအား ကယ်ဆယ်ခဲ့ရာတွင် ဖြုတ်တပ်ပြုလုပ်၍ ရသော လှေကားငါးစင်းအထိ အသုံးပြုခဲ့ရသည်ဟု ဆိုသည်။ ရထားစက် ချွတ်ယွင်းချိန်တွင် ယင်းရထားသည် မြေပြင်မှ ၁၅ ပေနှင့် ပေ ၂ဝကြား အမြင့်ထိ ရောက်ရှိနေသည်ဟု ဆိုသည်။ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ရပ်တန့်ခဲ့ခြင်းဖြစ်သည်။ ခရီးသည်များအား မိနစ် ၃ဝ ကြာ ကယ်ဆယ်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ ဒါးလက်စ်တိရစ္ဆာန်ရုံရှိ အပျော်စီးရထားသည် အမေရိကန်နိုင်ငံ၏ တစ်ခုတည်းသော၊ အမြင့်သို့ အတက်အဆင်း လုပ်နိုင်သော မိုးပျံရထား တစ်စင်းဖြစ်ပြီး လာရောက်လည်ပတ်သူ ဧည့်သည်များကို တောရိုင်းမြေများ၊ တောအုပ်များ၊ သဲကန္တာရများ၊ မြစ်များ၊ တောင်ပေါ်ခရီးများ ပါဝင်သည့် သဘာဝပတ်ဝန်းကျင် နေရာများသို့ တစ်မိုင်ခရီးအထိ ပို့ဆောင်ပေးသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment