Tuesday, February 26, 2013

မာလီ၌ တိုက်ပွဲများပြင်းထန် ပြင်သစ်တပ်များ နောက်ဆုံးအဆင့်တိုက်ခိုက်


ပြင်သစ်တပ်ဖွဲ့ဝင်များသည် မာလီနိုင်ငံမြောက်ပိုင်းတွင် စစ်သွေးကြွများကို နောက်ဆုံးအဆင့်အဖြစ် တိုက်ခိုက်နေပြီဖြစ်ကြောင်း ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်က ပြောကြားသည်။ အယ်လ်ခိုင်ဒါတို့ ပုန်းအောင်းရာ အိုင်ဖိုဂတ်စ်တောင်တန်းများအကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း ၄င်းက ပြောကြားသည်။ ယင်းဒေသ၌ ပါဝင်တိုက်ခိုက်ပေးနေသော ချဒ်တပ်ဖွဲ့ဝင်များအား ပြင်သစ်သမ္မတက ချီးမွမ်းလိုက်သည်။ ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားသော တိုက်ပွဲတွင် ချဒ်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး စစ်သွေးကြွ ၆၅ ဦး သေဆုံးခဲ့ကြောင်း ချဒ်စစ်တပ်က ပြောကြားသည်။ ချဒ်အစိုးရက ယင်းတိုက်ပွဲတွင် တပ်ဖွဲ့ဝင် ၂ဝဝဝ အသုံးပြု တိုက်ခိုက်ရန် ကတိပြုထားသည်။ အယ်လ်ဂျီးရီးယား နယပ်စပ်အနီး မာလီမြောက်ပိုင်း၌ ယခုအထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ပြင်သစ်သမ္မတက ပါရီမြို့ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment