Wednesday, February 27, 2013

အမေရိကန်တပ်များအား မြောက်ကိုရီးယား သတိပေး


တောင်ကိုရီးယားနိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်ရန် စီစဉ်နေသော အမေရိကန်တို့အား မြောက်ကိုရီးယားက သတိပေးလိုက်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က ရိုက်တာသတင်းတွင် ဖော်ပြသည်။ ကိုရီးယားနိုင်ငံချင်း မြောက်ကိုရီးယား စစ်မစ်ရှင်အကြီးအကဲ ပတ်ရင်ဆုက တောင်ကိုရီးယားရှိ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး ဂျိမ်းစ်သူမန်းအား ဖုန်းဖြင့် သတိပေးပြောကြားခဲ့သည်။ သင်တို့အနေဖြင့် ကျူးကျော် ရန်စလာလျှင် မြောက်ကိုရီးယားနိုင်ငံက လက်ပိုက်ကြည့်နေမှာ မဟုတ်ကြောင်း ၄င်းက ပြောသည်။ ဝါရှင်တန်နှင့် ဆိုးလ်တို့သည် မတ်လနှင့် ဧပြီလများတွင် မြေပြင်နှင့် ရေပြင် ပူးတွဲစစ်ရေးလေ့ကျင့်သွားရန် စီစဉ်ထားသည်။ မကြာသေးမီ နှစ်များက အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်း၌ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ 
(ရိုက်တာ)
khitlunge

No comments:

Post a Comment