Friday, February 22, 2013
တူနီးရှားဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်
တူနီးရှားဝန်ကြီးချုပ် ဟာမာဒီဂျာဘလီသည် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရာတွင် သဘောတူ ထောက်ခံချက် ရရှိရန် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ဝန်ကြီးချုပ်မစ္စတာ ဂျာဘလီသည် အတိုက်အခံခေါင်းဆောင် ချိုကရီဘီလိတ် သေဆုံးခြင်းဖြင့် နိုင်ငံရေး အကျပ်အတည်း ပျံ့နှံ့မှုကို ဖြေရှင်းရာတွင် ယာယီညွန့်ပေါင်း အစိုးရအဖွဲ့သစ်တစ်ရပ်ကို ဖွဲ့စည်းရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ ၄င်း၏ အစ္စလာမ္မစ် အင်န်နက်ခ်ျဒါပါတီ အနေဖြင့် အစိုးရသစ် ဖွဲ့စည်းမည့် အစီအစဉ်အတွက် ထောက်ခံမှု မရှိခဲ့လျှင် ရာထူးမှ နုတ်ထွက်မည်ဟု ဂျာဘလီက ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၆ ရက်က အတိုက်အခံခေါင်းဆောင် မစ္စတာဘီလိတ် လုပ်ကြံသတ်ဖြတ် ခံရမှုသည် တူနီးရှား ညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်သွားခြင်းနှင့် ပြည်သူလူထု၏ ကန့်ကွက်မှုများမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မိမိ၏ ကနဦးခြေလှမ်း မအောင်မြင်ခဲ့လျှင် မိမိအနေဖြင့် ရာထူးမှနုတ်ထွက်မည်ဟု သန္နိဋ္ဌာန်ချထားခြင်းကြောင့် ယခုကဲ့သို့ နုတ်ထွက် လိုက်ခြင်းဖြစ်ကြောင်း သမ္မတ မွန်ဆပ်မာဇိုကီနှင့် အစည်းအဝေးပြုလုပ်ပြီးနောက် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် မစ္စတာဂျာဘလီက ပြောကြားခဲ့ခြင်းဖြစ်သည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment