Thursday, February 21, 2013
ဂရိနိုင်ငံမှ ဟဲလ်လပ်စ်ရွှေတွင်း တိုက်ခိုက်ခံရ
ဂရိနိုင်ငံမြောက်ပိုင်းရှိ ရွှေတူးဖော်ရေး လုပ်ငန်းခွင်သို့ မျက်နှာဖုံးစွပ်ထားသည့် ဒါဇင်နှင့်ချီသော ကျူးကျော်သူများက တိုက်ခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ တိုက်ခိုက်သူများက ဓာတ်ဆီဗုံးများ၊ မီးလောင်စေသော အရည်များကိုအသုံးပြု၍ စက်ယန္တရားများ၊ မော်တော်ယာဉ်များနှင့် ကုန်သေတ္တာများကို မီးရှို့ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က အေပီ သတင်းဌာနအား ပြောကြားသည်။ ဟဲလ်လပ်စ်ရွှေတွင်းကို ၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဟဲလ်ကီဒီကီဒေသ၌ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ သို့သော် ထိုရွှေတူးဖော်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်၍ မရအောင် ပျက်စီးစေမည်ဖြစ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည်။ ကနေဒါနိုင်ငံရှိ အဲလ်ဒိုရာဒိုရိုးကုမ္ပဏီ၏ လက်အောက်ခံ ဟဲလ်လင်းနစ်ရိုး ကုမ္ပဏီကို ထိုဒေသ၌ ရွှေတူးဖော်ခွင့်အား ဂရိအစိုးရက ခွင့်ပြုပြီးနောက် ၂ဝ၁၁ ခုနှစ်မှစ၍ ယင်းစီမံကိန်းကို ရပ်ဆိုင်းစေရန် ပြည်သူများက ကြိုးစားလျက်ရှိသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment