Saturday, February 23, 2013
ဥပဒေမဲ့ သစ်ထုတ်လုပ်မှုနှင့် သစ်မှောင်ခိုမှု နိုင်ငံတကာ ရဲတပ်ဖွဲ့ စစ်ဆင်ရေးဆင်နွှဲ
နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)သည် ဥပဒေမဲ့ သစ်ထုတ်လုပ်မှုများနှင့် သစ်မှောင်ခို တင်ပို့မှု တိုက်ဖျက်ရေး နိုင်ငံတကာ စစ်ဆင်ရေး လုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်ခဲ့ရာတွင် လူ ၂၀၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း အင်တာပိုလ်က ထုတ်ပြန်သော သတင်းကြေညာချက် တစ်ရပ်တွင် ဖော်ပြသည်။ အမေရိကတိုက် အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသတို့ရှိ နိုင်ငံပေါင်း ၁၂ နိုင်ငံ၌ ဥပဒေမဲ့ သစ်ခုတ်လှဲမှုများနှင့် သစ်မှောင်ခို တင်ပို့မှု တိုက်ဖျက်ရေး စစ်ဆင်ရေး လုပ်ငန်းကို သုံးလကြာ ဆောင်ရွက်ခဲ့ရာတွင် ဒေါ်လာရှစ်သန်းတန်ဖိုးရှိ သစ်များကို သိမ်းဆည်းရမိခဲ့သည်။ ဥပဒေမဲ့ သစ်ထုတ်လုပ်သည့် ကုန်သွယ်ရေး လုပ်ငန်းကြောင့် ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ဆုံးရှုံးနစ်နာခဲ့ရကြောင်း သိရသည်။ ဝေးလံခေါင်သီသော သစ်တော ဒေသများအတွင်း ဒုစရိုက်ဂိုဏ်များ လှုပ်ရှားနေကြောင်း၊ ယင်းဂိုဏ်းများသည် လူသတ်မှုများနှင့် အဂတိလိုက်စားမှုတို့နှင့် ဆက်နွှယ်မှုရှိကြောင်း အင်တာပိုလ်က ပြောကြားသည်။
(ရိုက်တာ)
khitlunge

No comments:
Post a Comment